Sunday, November 29, 2015

=လူထုကျန်းမာရေး(တစ်ညကို ၈နာရီအိပ်စက်ခြင်းဟာ မှတ်ဥာဏ်ပိုမိုကောင်းမွန်စေနိုင်)=

**Public Health** 

ကျန်းမာရေးအတွက် လိုအပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ အတွက် လူသားတွေလိုအပ်နေတာက တစ်ညကို ၈ နာရီ ဆိုတဲ့ အိပ်ချိန်ပါ။ ဒါပေမယ့်လည်း သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သင့်ကို လုံလောက်စွာ အိပ်တာ သေချာစေမယ့် မက်လုံး တစ်ခုကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။ သူတို့ ရှာဖွေတွေ့ရှိခဲ့တာက လူတွေဟာ တစ်ညကို အိပ်ချိန် ၈ နာရီ ရှိတဲ့အခါမှာ သူတို့ မမှတ်မိနိုင်တဲ့ မျက်နှာတွေနဲ့ နာမည်တွေကို ကောင်းမွန်စွာ မှတ်မိသွားနိုင်ပါတယ်တဲ့။ Brigham မှာ အာရုံကြော သိပ္ပံဆိုင်ရာ တွဲဖက်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဘော်စတွန်မှာရှိတဲ့ အမျိုးသမီး ဆေးရုံမှာလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Jeanne Duffy က ပြောပြခဲ့တာကတော့" ငါတို့သိထားတာက မတူညီတဲ့များစွာသော မှတ်ဥာဏ်တွေဟာ အိပ်စက်ခြင်း နဲ့ ကောင်းမွန်လာနိုင်ပါတယ်။ လေ့လာမှု အချို့ကနေသိခဲ့ရတာက အိပ်စက်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ လူတွေ ၊ နာမည်တွေကို မှတ်မိနိုင်စွမ်းကို ဘယ်လောက်ထိ သက်ရောက်မှု ရှိလဲဆိုတာပါပဲ"။ ထိုလေ့လာမှု မှာပါဝင်တဲ့ လုပ်အားပေးတွေဟာ ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု မှာ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ကြရပါတယ်။ သူတို့ဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ကာလာဓါတ်ပုံ ၆၀၀ ကျော်ထဲကမှာ အယောက် ၂၀ ရဲ့ ဓါတ်ပုံနဲ့ အမည်တွေကို ပြသခြင်းခံခဲ့ရပါတယ်။ ၁၂ နာရီ ကြာတဲ့အခါမှာတော့ သူတို့ကို ဓါတ်ပုံတွေပြန်ပြခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဓါတ်ပုံနဲ့ နာမည်တွေနဲ့ တွဲဖက်ထားခြင်းမရှိတော့ပါဘူး။ သူတို့ကို မှန်ကန်တဲ့နာမည်တွေ ပြောပြခိုင်းပြီး ၂ ကြိမ်တိုင်စစ်ဆေးခဲ့ပါတယ်။ ရလဒ်ကတော့ ၈ နာရီကြာ အိပ်စက်ခဲ့ရသူတွေဟာ အိပ်ရေးမ၀ခဲ့တဲ့ သူတွေထက် အမည်နဲ့ ဓါတ်ပုံတွေကို တွဲဖက် ဖြေဆိုနိုင်စွမ်း ၁၂ ရာခိုင်နှုန်း ပိုမို ကောင်းမွန်နေတာကို တွေ့ရပါတယ်။ "အိပ်စက်ခြင်းစာ သတင်းအချက်အလက် အသစ်တွေကို လေ့လာဖို့အတွက် အရေးကြီးပါတယ်" လို့ ဒေါက်တာ Duffy က ဆိုပါတယ်။ လူတွေဟာ အသက်ကြီးလာတဲ့အခါမှာ အိပ်ချိန်တွေ မှားယွင်းလာပြီး အိပ်ရေးပျက်လာကြတာ များပါတယ်။ အဲဒီကတဆင့် မှတ်ဥာဏ် ပြသနာ တွေ ဖြစ်လာတာပဲဖြစ်ပါတယ်။ ထိုရှာဖွေတွေ့ရှိမှုတွေကိုတော့ Neurobiology of Learning and Memory ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

 +ဖိုးသူတော်+

Credit:ThitHtooLwin

No comments:

Post a Comment