**ကြိုတင် ကြံစည် မှုလား**
နိုဝင်ဘာ၂၄ ရက်က တူရကီ-ဆီးရီးယားနယ်စပ်တွင်
တူရကီတိုက်လေယာဉ်က ရုရှားဗုံးကြဲလေယာဉ် SU -24 ကို
ဝေဟင်ပိုင်နက်ကျူးကျော်လာမှုကြောင့်ပစ်ချလိုက်သည့်အတွက်
တူရကီ-ရုရှား ဆက်ဆံရေးမှာအလွန်တင်းမာလာသည်။
ပစ်ချခံရသောဗုံးကြဲလေယာဉ်မှလေယာဉ်မှူး နှစ်ဦးမှာ
လေထီးဖြင့်ခုန်ထွက်လာနိုင်ခဲ့သော်လည်း
လေယာဉ်မှူး
တစ်ဦးမှာသူပုန်များ၏ပစ်သတ်ခံခဲ့ ရပြီး ကျန်တစ်ဦးကို
ရုရှားနှင့်ဆီးရီးယား အထူးတပ်ဖွဲ့များက ရဟတ်ယာဉ်
နှစ်စင်းဖြင့် သွားရောက်ကယ်တင်ခဲ့ ရသည်။
ယင်းကယ်တင်မှုတွင်သူပုန်များပစ်ခတ်သည့်မော်တာကျည်
ထိမှန်၍ ရဟတ်ယာဉ် တစ်စင်းအရေးပေါ်ဆင်းသက်ခဲ့ ရပြီး
ရုရှားအထူး တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ သည်ဟု
ရုရှားအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
လာတာကီးရားမြို့ မေမင်အခြေစိုက်စခန်းတွင်ဖြန့်ကြက်ထား
သည့် ရုရှားရေဒါစနစ်အရဆိုလျှင် SU -24ဗုံးကြဲလေယာဉ်
သည် ဆီးရီးယားပိုင်နက်ထဲ တွင်ပစ်ချခံခဲ့ ရခြင်းဖြစ်သည်ဟု
ရုရှားအာဏာပိုင်များက အခိုင်အမာပြောဆိုသည်။
တူရကီတိုက်လေယာဉ်မှူးသည် ရုရှားဗုံးကြဲ လေယာဉ်အား
ငါးမိနစ်အတွင်း၁၀ ကြိမ်မျှ သတိပေးခဲ့ သော်လည်း
လိုက်နာခြင်းမရှိ၍ ပစ်ချခဲ့ ရခြင်းဖြစ် ကြောင်း တူရကီ
အာဏာပိုင်များက ပြောဆိုသည်။ သမ်္မတပူတင်က
တူရကီတို့ ၏ လုပ်ရပ်မှာကြိုတင်ကြံစည်၍ ရုရှား၏
နောက်ကျောကို ဓားနှင့်ထိုးသော လုပ်ရပ်ဖြစ်ကြောင်း
၊ တူရကီတို့ သည် ဖြစ်ပေါ်လာသောအကျိုးဆက်များကို
တွေ့ ကြုံရမည်ဖြစ်ကြောင်း
ပြင်းထန်စွာရှုတ်ချပြောဆိုခဲ့ 
သည်။ တူရကီသမ်္မတတေရစ်အာဒိုဂန်က ရုရှားလေယာဉ်
များသည် တူရကီပိုင်နက်ကိုမကြာခဏကျူးကျော်နေခဲ့ 
ကြောင်း၊ ထိုသို့  ကျူးကျော်နေမှုကိုလစ်လျူရှုနေခဲ့ လျှင်
တူရကီ၏ အချုပ်အခြာအာဏာကို မည်သူကမျှ လေးစား
တော့မည်မဟုတ်ကြောင်း၊ အိမ်နီးချင်းမိတ်ဆွေရုရှားနိုင်ငံနှင့်
ပဋိပက်္ခထပ်မံဖြစ်ပွားစေရန် ရည်ရွယ်ချက်မရှိပါကြောင်းဖြင့်
ပြောဆိုကာ တင်းမာမှုကိုလျှော့ချရန် ကြိုးပမ်းနေသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ် သည်
၎င်း၏တူရကီသို့သွားရောက်ရန် ခရီးစဉ်ကို ဖျက်သိမ်းလိုက်
သည်။ ရုရှားသည် တူရကီနှင့် စစ်ဖြစ်ရန် အစီအစဉ်မရှိကြောင်း၊
တူရကီပြည်သူများ အပေါ်တွင် စိတ်သဘောထား မပြောင်းလဲကြောင်း၊ သို့သော် တူရကီ-ရုရှားဆက်ဆံရေးကို အလေးအနက် သုံးသပ်ရမည်
ဖြစ်ကြောင်း မစ်္စတာ လက်ဗရော့ဗ်က ဝေဖန်ပြောဆိုသည်။
တူရကီအစိုးရ၏ တောင်းဆိုမှုကြောင့်နေတိုး အဖွဲ့ ဝင်
၂၈ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး
ကျင်းပပြီးနောက် နေတိုး အဖွဲ့ က တူရကီ၏ အချုပ်အခြာအာဏာ
ကို ကာကွယ်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။
တူရကီအစိုးရ၏ လုပ်ရပ်သည် ဆိုင်းနိုင်းကျွန်း ဆွယ်၌
လူ၂၂၄ ဦးသေဆုံးခဲ့သည့် ရုရှားခရီးသည် လေယာဉ်ကို
ဗုံးခွဲခဲ့သည့် အိုင်အက်စ်တို့လုပ်ရပ်နှင့် တူညီနေကြောင်း
ရုရှားအာဏာပိုင်များက ပြစ်တင် ပြောဆိုခဲ့ သည်။
ရုရှားဗုံကြဲလေယာဉ် ပစ်ချခံရမှုကြောင့်  ဆီးရီး ယားပဋိပက်္ခ
တွင် အဓိကပြိုင်ဘက်များဖြစ်သည့် ရုရှားနှင့် တူရကီနိုင်ငံကြား
ဆက်ဆံရေးမှာဆိုးရွားလာနေ ပြီး ပိုမိုကျယ်ပြန့် သော
ပထ၀ီနိုင်ငံရေးပဋိပက်္ခအသွင်သို့  သက်ဆင်းသွားမည်ကို
စိုးရိမ်မှုများမြင့် တက်လာနေသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဂျီလက်ဗရော့ဗ်က တူရကီတို့ ၏လုပ်ရပ်ကြောင့်  ဆီးရီးယားပဋိပက်္ခကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်
ကြိုးပမ်းနေသောငြိမ်းချမ်း ရးဆွေးနွေးပွဲအား ထိခိုက်စေနိုင်
သည်ဟုဝေဖန်ပြောဆိုကြသည်။ အမေရိကနသမ်္မတအိုဘားမားက
တူရကီအချုပ် အခြာအာဏာပိုင်ခွင့် အပေါ် ထောက်ခံကြောင်း၊
သို့ သော် တူရကီနှင့် ရုရှားတို့ စိတ်ချုပ်တည်း၍ ပြဿသနာကို
ငြိမ်းချမ်း စွာဖြေရှင်းရန်အရေးကြီးကြောင်း တိုက်တွန်းပြောဆိုသည်။
နေတိုးအဖွဲ့ အကြီးအကဲယန်းစတော်တင်ဘာ့ဂ်က
ရုရှားနှင့် တူရကီနိုင်ငံတို့  နှစ်ဦးနှစ်ဖက်လုံး တည်ငြိမ်အေးချမ်းစွာ
ဖြေရှင်းကြရန်နှင့်  ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်စေနိုင်သည့်
အခြေအနေများကိုရှောင်ရှားကြရန် အလေးထားပြောဆိုခဲ့သည်။
လက်ရှိတင်းမာမှုများကြောင့် ဘုံရန်သူအိုင်အက်စ်အကြမ်းဖက်သမား
များကို ၀ိုင်းဝန်းတိုက်ခိုက်ရာတွင် ဆီးရီးယားဝေဟင်၌ ရုရှားလေယာဉ်
များနှင့်  အမေရိကန်ညွန့် ပေါင်းအဖွဲ့ လေယာဉ်များကြား ထိပ်တိုက်
တွေ့  နို င်မှုကိုစိုးရိမ်လျက်ရှိပြီး ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို
ထိခိုက်လာနိုင်မှုအပေါ် အထူးစိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
**S-400 ဒုံးကျည် ကာကွယ် ရေးစနစ်**
ရုရှားဗုံးကြဲလေယာဉ်ပစ်ချခံခဲ့ ရပြီးနောက်တွင်
သမ်္မတပူတင်သည် ကမ်္ဘာပေါ်တွင် နည်းပညာအဆင့်အမြင့်ဆုံး
ဟုသတ်မှတ်ထားသည့် ရုရှားS-400ဒုံးကျည်ကာကွယ်ရေးစနစ်
များကို လာတာကီးရားမြို့ရှိ မေမင်လေတပ်အခြေစိုက်စခန်း
တွင် ဖြန့် ကြက်ချထားရန် ပေးပို့ လိုက်ပြီဖြစ်သည်။
S-300 ဒုံးကျည်ကာကွယ်ရေးစနစ်ကိုအဆင့် မြှင့်တင်ထား
သည့်  S-400 ဒုံးခွင်းဒုံးများသည် မိုင် ၃၀၀ အကွာအဝေးရှိ
အမြင့်ပေသုံးသောင်းတွင်ပျံသန်းနေ သည့် လေယာဉ်
သို့ မဟုတ် ဒုံးပျံများကိုမလွတ်တမ်းပစ်ခွင်းနိုင်စွမ်းရှိသည်။
ထို့ပြင် ရုရှားစစ်သင်္ဘော NOSKVA ကိုလာတာကီးရားဆိပ်ကမ်းတွင်
အသင့်ချထားလိုက်ပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး
ဆာဂျီရိုဂူက နိုဝင်ဘာ ၂၅ ရက်က ပြောကြားသည်။
ထို့ပြင် ဆီးရီးယားတွင်စစ်ဆင်ရေးများဆောင်ရွက်နေသည့် 
ရုရှားတို့ ၏မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးများကိုလည်း
နောက်နောင်တွင် တိုက်လေယာဉ်များဖြင့်  ခြံရံစောင့် ကြပ်
ပေးမည်ဟု ရုရှားကာကွယ်ရေးဦးစီးချုပ် ဗယ်လာရီဂါဆီမော့ဗ်က
ပြောဆိုသည်။ ဆီးရီးယားတွင် စစ်ဆင်ရေးများဆင်နွှဲနေသည့် 
မဟာဗျူဟာဗုံးကြဲ လေယာဉ်များမှာ TU-22M3- TU-95 MS-
TU-160-SU-24 တို့ ဖြစ်သည်။ ဆီးရီးယား၌ S-400 ဒုံးကျည်
စနစ်များကို ဖြန့် ကြက်မှုသည် တူရကီအနေနှင့်ရုရှားလေယာဉ်
များကိုထပ်မံ ပစ်ချမှုမပြုလုပ်ရန်အင်အားပြ၍ သွယ်ဝိုက်သတိပေး လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။
ရုရှားသမ်္မတရုံးပြောခွင့်ရသူဒီမီထရီပက်ရှကော့ဗ် က
ဆီးရီးယားသူပုန်များနှင့်  အိုင်အက်စ်အစွန်းရောက်များ
သည် တူရကီနယ်စပ်အနီးတွင်ခိုအောင်းနေတတ်သည့်
အတွက် နယ်စပ်အနီးတွင် ဗုံးကြဲတိုက်ခိုက်မှုများ
ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စစ်သွေးကြွများကို
ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း
သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်က
ဆီးရီးယား၊ တူရကီနယ်စပ်ရှိအိုင်အက်စ်အဖွဲ့ 
ရေနံမှောင်ခိုဈေးကွက်များရှိသည့်အ၀င်အထွက်ဂိတ်စခန်း
များကို ရုရှားတို့ ကထပ်မံ၍ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက် Tur -kmems ဟု
ခေါ်သည့်တူရကီနွယ်ဖွားဆီးရီးယားနိုင်ငံသားများ
နေထိုင်သည့်ဒေသကို ရုရှားတို့ ဗုံးကြဲတိုက်ခိုက်
နေမှုအပေါ် တူရကီခေါင်းဆောင်များကဒေါသထွက်
နေသည်။ထို့ ပြင် အာဏာရှင်အာဆတ်ကို ရုရှားတို့က
အကာအကွယ်ပေးနေမှုကို တူရကီအစိုးရက
လုံးဝမကျေနပ်ပေ။ အာဆတ်ကိုဖယ်ရှားနိုင်မှသာလျှင်
ဆီးရီးယား ငြိမ်းချမ်းရေးအဖြေရှာနိုင်မည်ဟု တူရကီ
ခေါင်းဆောင်များက ယုံကြည်ထားသည်။ တူရကီတွင်
ခိုလှုံနေကြသော ဆီးရီးယားစစ်ပြေး ဒုက်္ခသည် သန်းချီရှိ
နေပြီး ၄င်းတို့ သည် တူရကီအတွက် ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေသည်။
အာဏာရှင်အာဆတ် ကိုဖယ်ရှားနိုင်မှသာ ခိုင်မာသော
ဆီးရီးယားငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟု
တူရကီခေါင်းဆောင်များ က ယုံကြည်ထားသည်။
**ရုရှားဝန်ကြီးချုပ် မက်ဗီဒက်**
ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ကတူရကီအာဏာပိုင်များသည်
အင်အက်စ်များထံမှရေနံများကိုမှောင်ခိုဈေးဖြင့် ၀ယ်ယူကာ
အမြတ်အစွန်းများရရှိနေသည်ဟု ပြင်းထန်စွာဝေဖန်စွပ်စွဲ
ပြောဆိုခဲ့ သည်။ အိုင်အက်စ်တို့ သည် တူရကီပိုင်နယ်မြေ
များကိုအသုံး ပြုခွင့် ရနေသည်ဟု၎င်းကဝေဖန်ပြောဆိုသည်။
တူရကီအာဏာပိုင်များက ယင်းစွပ်စွဲချက်ကို ငြင်းဆိုပြီး
နယ်စပ်လောင်စာဆီမှောင်ခိုဈေးကွက်ကိုတူရကီအာဏာပိုင်
များက အကောင်းဆုံးထိန်းချုပ်ဟန့်တားနေသည်ဟု တု့ံပြန်ေ
ပြောဆိုသည်။ ၀န်ကြီးချုပ်မက်ဗီဒက်က ရုရှားနှင့်တူရကီကြား
စီးပွားရေးနှင့်ဖွံ့ဖြိုးရေးအကျိုးတူစီမံကိန်းများကို ပယ်ဖျက်ရန်
စဉ်းစားမည်ဖြစ်ကြောင်း၊ရုရှားဈေးကွက်တွင်တူရကီကုမ်္ပဏီများ၏
ပါဝင်ဆောင်ရွက်မှုကိုလည်း လျှော့ချမည်ဖြစ်ကြောင်း
ပြောကြားသည်။
ရုရှားသည် ပဲ၊ ပြောင်းစသည့်ကောက်ပဲသီးနှံများ နှင့်
လောင်စာဆီများကို တူရကီသို့အဓိကတင်ပို့ ရောင်းချ
သည့် နိုင်ငံဖြစ်သည်။ဂျာမနီပြီးလျှင် ရုရှား နိုင်ငံမှ
ဒုတိယအများဆုံးကမ်္ဘာလှည့်ခရီးသွားများသည် တူရကီ
မြေထဲပင်လယ်ဆိပ်ကမ်းများသို့ သွားရောက်အပန်းဖြေလေ့
ရှိသည်။ ယခုအချိန်၌ ရုရှားအာဏပိုင်များသည်တူရကီသို့ 
ခရီးသွားရန်စီစဉ်နေသည့်ရုရှားပြည်သူများကို
သတိပေးပြောကြားလိုက်ပြီဖြစ်သည်။
+ထွန်းတောက်+

No comments:
Post a Comment