Tuesday, December 1, 2015
=ကုရာနတ်္ထိမှယခုဆေးရှိလာပြီ=
ယခင်က ““ကုရာနတ်္ထိဆေးမရှိ””ရောဂါကို ခုခံအားကျဆင်းမှု
ကူးစက် ရောဂါ(အေအိုင်ဒီအက်စ်)ဟု ဆိုကြသည်။ ထိုရောဂါရရှိသည်နှင့်
ကုသရန်ဆေးမရှိဘဲ တဖြည်းဖြည်းကိုယ်ခံအားကျဆင်းကာ
နောက်ဆုံးတွင် ဘ၀နိဂုံးချုပ်ရသောကြောင့်  ယင်းသို့ ဆိုခြင်းဖြစ်သည်။
ထိုရောဂါဖြစ်လာလျှင် စိတ်ဓာတ်ကျဆင်းကာ ဘ၀နေ၀င်ချိန်ကို
စောင့် ရသည်။ ယခုဤသို့ ဘ၀ နေ၀င်ချိန်ကို မစောင့် ရတော့၊
ကုရာနတ်္ထိဆေးရှိလာပြီ။ ယင်းဆေးမှာ အေအာရ်ဗီ ဆေးဖြစ်သည်။
အေအာရ်ဗွီဆေးသည် အေအိုင်ဒီအက်စ်ရောဂါ၏ ကနဦးဖြစ်စဉ်
အိပ်ခ်ျအိုင်ဗွီပိုးကို ထိန်းချုပ်သည့်  ဆေးဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီရောဂါကို အသေမသတ်နိုင်သော်လည်း ခန်္ဓာကိုယ်အတွင်းဝင်နေသော အိပ်ခ်ျအိုင်ဗွီပိုးကို မလှုပ်နိုင်အောင်၊ ဆက်လက် မပြန့် ပွားနိုင်အောင် ထိန်းထားခြင်းဖြစ်သည်။ ထိုသို့ ထိန်းလိုက်နိုင်သဖြင့်  အိပ်ခ်ျအိုင်ဗွီပိုးသည် ခန်္ဓာကိုယ်ခုခံအားစနစ်ကို ဒုက်္ခမပေးနိုင်တော့ချေ။ ထိုအခါ ခုခံအားကျဆင်းသည့်  အေအိုင်ဒီအက်စ်ရောဂါအဆင့် သို့  မရောက်ရှိ တော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သည်။ ထို့ နောက် အိပ်ခ်ျအိုင်ဗွီရောဂါဆက်လက်ကူးစက်နိုင်ခြင်းမရှိအောင် တားဆီးကြမည်။ ထိန်းချုပ်ကြမည်ဆိုလျှင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွား မှုရပ်တန့်သွားပြီး ဖြစ်ပွားဆဲလူနာများအား ထိန်းချုပ်ထားပြီး သက်တမ်း စေ့နေထိုင်ကာ နောင်ကာလများတွင် အေအိုင်ဒီအက်စ်ရောဂါ ပပျောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုရောဂါကူးစက်ခံရမူ
သိလျှင်သိချင်း အမြန်ဆုံး ဆေးတိုက်ကျွေးခြင်းဖြင့်  ရောဂါကိ
ုထိန်းချုပ်နိုင်ပြီဖြစ်သည်။ သို့ သော် ကုလသမဂ်္ဂမှတ်တမ်းများအရ
ကမ်္ဘာပေါ်တွင် အိပ်ခ်ျအိုင်ဗွီရာဂါ ပိုးကူးစက်ခံရသူ လူဦးရေ ၃၅ သန်း
ရှိသည်ဟုဆိုထားသည်။ ထို ၃၅ သန်းတွင် လူဦးရေ ၁၉ သန်းခန့် ကို
ကျန်းမာရေးအဖွဲ့ များက ဖော်ထုတ်မှတ်တမ်းတင်နိုင် ခြင်းမရှိသေးဟု
ဆိုထားသည်။
ထို့ကြောင့် ရောဂါထိန်းချုပ်ရေးနှင့် ရောဂါ ပပျောက်ရေးအတွက်
အလှမ်းဝေးနေသကဲ့ သို့ ဖြစ်နေသည်။ ထိုရောဂါဖြစ်ပွားနေမှု
အသေးစိတ်ကို တိတိကျကျသိရှိမှသာ ရောဂါကို ထိန်းချုပ်နိုင်
မည်ဖြစ်သည်။ ရောဂါမပြန့် ပွားအောင် တားဆီးနိုင်မည်ဖြစ်သည်။
ထို့ ကြောင့်  အိပ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်မှုခံရခြင်းသည်
ရှက်စရာ၊ ကြောက်စရာမဟုတ်တော့ပါ။ မိမိအသက်ရှင်သန်ရေး
အတွက် ကျန်းမာရေးဌာနသို့  ချက်ချင်း အသိပေးရမည်ဖြစ်သည်။
ထိုရောဂါသည် အပျော်အပါးလိုက်စားရာမှ ကူးစက်ခြင်းဖြစ်၍
အပျော်အပါးလိုက်စားခြင်းကို လျှော့ချသင့် သည်။
တစ်ဦးနှင့် တစ်ဦး ဆက်ဆံမိလျှင်လည်း အကာအကွယ်ပစ်္စည်းကို
အသုံးပြုသင့် သည်။ ရောဂါကာ ကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း
များအောင်မြင်စွာဆောင်ရွက်နိုင်ရန် အသိ ပညာပေးရေးလုပ်ငန်း
များကိုကျယ်ကျယ်ပြန့် ပြန့် ကွင်းဆင်းဆောင်ရွက်သွားကြရမည်။
အိပ်ခ်ျအိုင်ဗွီရာဂါပိုးကို စတင်သိရှိခဲ့ သည်မှာ
နှစ်ပေါင်း ၃၀ ကျော်သာရှိသေးသည်။ ထိုကာလနောက်ပိုင်း
မျက်မှောက်ကာလတွင် ရောဂါပိုးကို သိသိသာသာထိန်းချုပ်
လာနိုင်သည်မှာဆေးသိပ်္ပံလောက၏ ကြီးမားသောအောင်မြင်
မှုဖြစ်သည်။ ကုလသမဂ်္ဂအေအိုင်ဒီအက်စ်တိုက်ဖျက်ရေးအဖွဲ့ ကြီး
၏ ထုတ်ပြန်ချက်အရ ယမန်နှစ်ကကမ်္ဘာတစ်ဝန်းတွင်အေအိုင်ဒီအက်စ်
ရောဂါကြောင့်  သေဆုံးသူ ၁ ဒသမ ၅ သန်းရှိသည်ဟု သိရသည်။
လွန်ခဲ့ သည့်  ၂၀၀၅ ခုနှစ်က သေဆုံးနှုန်း ၂ ဒသမ ၄ သန်းရှိ
ခဲ့ သောကြောင့်ယခုအခါ အေအိုင်ဒီအက်စ်ရောဂါ ကို ထိရောက်စွာ
ဟန့် တားထားနိုင်သည်မှာသေချာပါသည်။တစ်ချိန်သောအခါက ကုရာနတ်္ထိဆေးမရှိဖြစ်ခဲ့ သော ကြောက်စရာရောဂါဆိုးကြီးကို
ယခုအခါ ကုရာနတ်္ထိဆေးမရှိမဖြစ်ဘဲ ထိန်းချုပ်ကုသ နိုင်ပြီဖြစ်သည်။
ကုလသမဂ်္ဂဦးဆောင်မှုဖြင့်  ၀ိုင်းဝန်းကာကွယ်တိုက်ဖျက် နိုင်
သောကြောင့်  နောင်နှစ်များစွာတွင် ထိုရောဂါကို
ထိန်းချုပ်နိုင်တော့မည်ဟု ရဲရဲတင်းတင်းအာမခံနိုင်ပြီဟု
ဆိုရမည်ဖြစ်သည်။ အေအိုင်ဒီအက်စ်ရောဂါကို ၂၀၃၀ ပြည့် နှစ်
အရောက်လာမည့် ၁၅ နှစ်အတွင်းအပြည့် အ၀ထိန်းချုပ်နိုင်တော့
မည်ဟု ပြောကြားကြသည့်  နိုင်ငံတကာအေအိုင်ဒီအက်စ်တိုက်ဖျက်ရေး
တက်ကြွလှုပ်ရှားသူများအား ကြိုဆိုထောက်ခံအသိအမှတ်ပြုလိုက်ပါသည်။
+၁-၁၂-၂၀၁၅နေ့ ထုတ်ကြေးမုံသတင်းစာအယ်ဒီတာ့အာဘော်+

No comments:
Post a Comment