Sunday, December 6, 2015

**နောက်ဆုံးမဟုတ်တဲ့ အဆုံး**

လှည့်ပတ်နေတဲ့သွေးတွေ
 ရပ်တန့်သွားတယ်
 လှုပ်ရှားနေတဲ့အစိတ်အပိုင်းတွေ
 ငြိမ်သက်သွားကြတယ် …
 နေခွင့်မရှိတော့တဲ့အိမ်က
ထွက်လာရသလိုမျိုး
 ဖြေရှင်းခွင့်မရှိပဲ
 ရှေ့ဆက်တိုးရတယ် …
မပြတ်နိုင်တဲ့ကြိုးတွေက
 ဘ၀တစ်ခုရဲ့အဆုံးသတ်ကို
အခြားဘ၀တစ်ခုရဲ့အစမှတ်နဲ့ ဆက်ပေးတယ် …

  ယူလာလို့မရတာတွေကို ထားခဲ့ပြီး
 ထားခဲ့လို့မရတာတွေကို ယူခဲ့ရတယ် …
 ပြီးခဲ့ပြီပဲ … 
လက်မခံချင်သူတွေ လက်မခံနိုင်သူတွေကို 
ကံကြမ္မာက အဲဒီ့ အဘိဓမ္မာတစ်ခု ဖွင့်ပြတယ် …

 မျက်ရည်ကျသူကကျ 
မျက်လွှာချသူကချ 
အဲဒီ့အခိုက်အတန့်လေးမှာတော့
 သေခြင်းတရားဆိုတာကို … သတိရကြရဲ့ …



။ ။ ။။။။။။။။။။။။။။။။။။။။။။။ 

+နေဘုန်းလတ်+ 

No comments:

Post a Comment