+Public Health+
အနာကျက်နှုန်း မြန်ကာ အမာရွတ် မထင်စေပါဘူး အိမ်ရှင်မ တွေ ဟင်းချက်တဲ့
အခါမှာ ဖြစ်ဖြစ်၊ ဖယောင်းတိုင် ထွန်းရာမှာဖြစ်ဖြစ် ရုတ်တရက် ဟင်းရည်
ပူလောင်တာ၊ မီးပူလောင် တာတွေ ဖြစ်ဖူးကြမှာပါ။ အဲဒီအခါမှာ မီးပူလောင် တဲ့
နာကျင်မှု သက်သာပြီး အနာကျက်နှုန်းမြန်ကာ အမာရွတ်မထင်စေဖို့
သဘာဝအိမ်တွင်း ကုထုံးတွေ ရှိပါတယ်။
**ရေခဲ မကပ်ပါနှင့်**
ရေခဲ ကပ်တာကြောင့် အရေပြားထဲကို သွေးလှည့်ပတ်
စီးဆင်းမှု လျှော့ ကျသွားတဲ့အပြင် နောက်ထပ် တစ်သျှူး တွေကို
ထိခိုက်စေနိုင်ပါတယ်။ အဲဒီအစား မီးလော င်ဒဏ်ရာပေါ်မှာ ရေအေးလောင်း
ချပြီး အနည်းဆုံးမိနစ် ၂၀ ကြာထားပါ။ ရှားစောင်းဟာ မီးလောင်ဒဏ်ရာ အတွက်
အသုံးဝင်တဲ့ အိမ်တွင်း ကုထုံးဖြစ်ပြီး နာကျင်မှုနဲ့ ရောင်ရမ်းမှုရပ်တန့်ကာ
ဖောရောင်မှု လျှော့ ကျစေပြီး အရေပြားကြီးထွားအောင် ပြန်လည်ပြုပြင်ပေးပါတယ်။
**ပူရှိန်း သွားတိုက်ဆေး လိမ်းပါ**
အိမ်သုံး ပူရှိန်း သွားတိုက်ဆေး ကို မီးလောင် ဒဏ်ရာငယ် သက်သာစေဖို့
အိမ်တွင်းပစ္စည်းအနေနဲ့ သုံးနိုင်ပါတယ်။ ရေအေးလောင်းချထားတဲ့
အပူလောင်နေရာပေါ်မှာ သွားတိုက်ဆေး သုတ်ပြီး စက္ကူပဝါစနဲ့
ခြောက်သွေ့အောင်ကပ်ပါ။ ပြီးမှ သွားတိုက်ဆေး အလွှာ ထပ်လိမ်းပါ။
**လက်ဖက်အိတ် ကပ်ပါ**
လက်ဖက်ခြောက် မှာ တန်းနစ်အက်စစ် ပါဝင်ပြီး အပူလောင်ဒဏ်ရာက
အပူတွေကို ဆွဲယူကာ နာကျင်မှုနည်းအောင် လုပ်ဆောင်ပေးပါတယ်။
မီးလောင် ဒဏ်ရာ ပေါ်မှာ စိုစွတ်တဲ့ လက်ဖက်အိ တ်ကပ်ပြီး အေးမြတဲ့အထိထားပါ။
**ရှာလကာရည် လိမ်းပါ**
ရှာလကာရည် မှာ အက်စီးတစ်အက်စစ် ပါဝင်တဲ့အတွက် မီးလောင် ဒဏ်ရာ
ကြောင့်ဖြစ်တဲ့ နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုဝေဒနာတို့ကို သက်သာစေ
ပါတယ်။ ပိုးသတ်အာနိသင် ရှိတာကြောင့် အပူလောင်တဲ့ ဒဏ်ရာကို
ကူးစက်ပိုးမဝင်အောင် ဟန့်တားပေးနိုင်ပါတယ်။ ရှာလကာရည်ကို ရေနဲ့ဖျော်ပြီး
ပုဝါမှာဆွတ်ကာ အပူလောင် ဒဏ်ရာ ပေါ် ညင်ညင်သာသာ အုပ်ပေးရမှာပါ။
**ပျားရည် သုတ်လိမ်းပါ**
ပျားရည် ဟာ သဘာဝ ပိုးသတ်ဆေး ပါ။ အပူလောင် ဒဏ်ရာ တွေကို
ကူးစက်ပိုးဝင်မှုမရှိအောင် ပျားရည်က ကာကွယ်ပေးပါတယ်။ ပျားရည် မှာ
သဘာဝစံ မျှတစေတဲ့ အာနိသင်ရှိတာကြောင့် အပူလောင်ရာပေါ်
သုတ်လိမ်းပေးရင် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။
ပျားရည် က အရေပြား မီးလောင် ဒဏ်ရာ ကို အေးမြစေပြီး နာကျင်မှု
သက်သာကာ အရေပြားကို အနာကျက်စေပါတယ်။
**နွားနို့ ထဲ စိမ်ပါ**
နွားနို့ ထဲက အဆီ နဲ့ ပရိုတင်းဓာတ်ဟာ မီးလောင် ဒဏ်ရာ ကို
သက်သာစေပြီး အနာကျက်မြန်စေပါတယ်။ မီးလောင်ဒဏ်ရာကို နို့ထဲမှာ
အချိန် ၁၅ မိနစ်ကြာ စိမ်ထားလိုက်ပါ။
**အုန်းဆီ လိမ်းပါ**
အုန်းဆီ မှာ ဗီတာမင်အီး လို အရေပြားအနာ ကျက်စေတဲ့ အာနိသင်နဲ့
ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယား စတာတွေကို တွန်းလှန်ပေးနိုင်တဲ့
ဖက်တီးအက်စစ် ပါဝင်ပါတယ်။ ဒါကြောင့် အပူလောင် ဒဏ်ရာ ကို
ကူးစက်ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
credit : duwun
လွင်ပြင်

No comments:
Post a Comment