Monday, November 27, 2017

လူထုကျန်းမာရေး(လူတိုင်းသိထားသင့်တဲ့-ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး လုံးဝမထိုးရမယ့်သူများ)

+Public Health+
 (က) ယခုအသုံးပြုမယ့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး
(SA 14-14-2, Live JEV) ကို ယခင်အကြိမ်ထိုးနှံ ခဲ့စဉ်က ပြင်းထန်တဲ့
 နောက်ဆက်တွဲပြဿနာ (ဒါမှမဟုတ်) ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းတွေ
ဖြစ်ပွားခဲ့ပါကမထိုးနှံပေး ရပါ။ ကာကွယ်ဆေးမှာ ပါဝင်သောပစ္စည်းတစ်မျိုးမျိုး
(ဥပမာ-Gelatin, Gentamycin, Sucrose,Human Serum Albumin and
Carbamide) နှင့် ပြင်းထန်သော ဓာတ်မတည့်ခြင်း ဖြစ်ဘူးသူများကို မထိုးပေးရပါ။

(ခ) မွေးရာပါ (သို့မဟုတ်) ရောဂါကြောင့်သော်လည်းကောင်း (သို့မဟုတ်)
 ဆေးဝါးကြောင့်သော်လည်းကောင်း ခုခံအား စနစ်ကျဆင်းခြင်း (သို့မဟုတ်)
AIDS ရောဂါလက္ခဏာများရှိခြင်း။

 (ဂ) ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း
 အတက်ရောဂါ မကြာခဏဖြစ်နေသူများ။

(ဃ) နာတာရှည်ရောဂါကို လတ်တလော ပြင်းပြင်းထန်ထန်
ခံစားနေရသူများ ။
 (င) ကိုယ်ဝန်ဆောင်များ။

  ** ရက်ရွှေ့ဆိုင်းပြီး ထိုးပေးရမယ့်သူများ **

 (က) လတ်တလော အပူကြီးပြီး ဖျားနေခြင်း။
(ခ) လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေခြင်း။
 (ဂ) တီဘီရောဂါ ဖြစ်ပွားနေပြီး ဆေးကုသမှု
 မခံရသေးခြင်း(ဒါမှမဟုတ်) တီဘီဆေးစသောက်နေတာ
 နှစ်လမပြည့် သေးခြင်း ။

(ဃ) နားအလယ်ခန်း ရောင်ရမ်းနေခြင်း။
 (င) Prednisolone, Hydrocortisone စတဲ့ Steroids ဆေးများကို
 ပမာဏများစွာ သောက်သုံး/ထိုးနှံနေရခြင်း ။

** ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးမီ ဆရာဝန်နှင့် 
တိုင်ပင်ဆွေးနွေးသင့်သော ကလေးငယ်များ**

 – ဆေး/ပစ္စည်းတစ်ခုခုနဲ့ ဓာတ်မတည့်ခြင်း ရှိတဲ့ ကလေးတွေ။

 – တခြားရောဂါအခံတွေ ရှိတဲ့ကလေးတွေ ။
– ဆေးဝါးတွေလတ်တလောမှာသောက်သုံးနေရတဲ့ ကလေးတွေ
ဆိုရင်တော့ လက်ရှိပြသနေတဲ့ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီးမှ
 ထိုးနှံနိုင်ပါတယ်။ 

 Credit : တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း – Expanded Programme 
on Immunization, Myanmar 

Credit to DrMyanmar

 လွင်ပြင်

No comments:

Post a Comment