+Public Health+
ရှေးကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ် ကို
ဘေးမဖြစ်စေပါဘူး။ကောင်းကျိုးသာရစေတဲ့အစွမ်း ထက် ဖျော်ရည်
ဖြစ်ပါတယ်။
ဒီဖျော်ရည်ကို အာလူး တစ်လုံး ( တစ်ချိုတွေကတော့
Beetrootလို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်း အာလူး နေရာမှာ အစားထိုး
သုံးပါတယ် )၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီး တစ်လုံးပေါင်းစပ်ပြီး
ဖော်စပ်ရတာပါ။
သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။
သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်
သောက်နိုင်ပါတယ်။
ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့-
( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ကပါယ်အိတ်
ကြီးထွားခြင်းကိုလည်းတားဆီးပေးပါ တယ်။ပြည်တည်နာဖြစ်ခြင်း
ကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကို
လည်းကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအား စနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိ အာရုံကိုပိုကောင်းစေသလို၊ မျက်လုံး နီခြင်း၊မျက်စိညောင်းခြင်း
တို့ကိုလည်းသက်သာစေပါတယ်။
( ၆ ) ကြွက်သား နားခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်း
စေပါတယ်။
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီး များ မီယပ်သွေးပေါ်ချိန်တွင်ဖြစ်တတ်သောနာကျင်ခြင်း
ကိုလည်းလျှော့ နည်းသက် သာစေပါတယ်။
( ၁၀ ) ဖျားနာခြင်း ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည် ကိုတိုးတက်စေပြီး ဦးနှောက် ကိုပိုမိုကောင်းမွန်စေ
ပါတယ်။
( ၁၂ ) ကိုယ်အလေးချိန် လျှောချနေသူများအနေနှင့်လည်း
သောက်သုံးနိုင်ပါတယ်။ဒီ ဖျော်ရည် ဟာ အားအင် ကိုတိုးစေသလို
ကယ်လိုရီ ပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ်ခန္ဓာ အတွင်းက ကလီစာ များပြန်လည်တည်ဆောက်ခြင်း
ကို အထောက်အပံ့ပေးပါတယ်။
ရောဂါ တော်တော်များကိုသက်သာအောင် အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့
ဖျော်ပြီးသား ဖျော်ရည် အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်
အစာမရှိ ချိန်မှာ သောက်သုံးရပါမယ်။
ပိုပြီးအာနိသင်သက်ရောက်ချင်
သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်နှင့် ညနေ၅နာရီတွင်
၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်
ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။
Credit : ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ
လွင်ပြင်

No comments:
Post a Comment