Sunday, November 19, 2017

လူထုကျန်းမာရေး(ပိန်းဥ၊ ပိန်းရိုးစားသူများ သတိပြုဖွယ်)

+Public Health+ 
**ပိန်းဥ**
ပိန်းပင်၏ အမြစ်ဖြစ်သော ပိန်းဥတို့ သည် ဆိမ့်သော အရာသာရှိကာ၊
 ကဆီ ဓာတ်ကော်ရည် ပြည့်ဝသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး၊
အာလူးအစားထိုး အသီးအနှံအဖြစ် စားသုံးနိုင်ပါသည်။ သို့ သော်အာဟာရ
ဖြစ်စေသည့်အရည်အသွေးက အာလူးထက် သာလွန်ကောင်း မွန်ပါသည်။
 ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့်
ပရိုတင်း ပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက်စီယမ်၊
ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊
 ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။

 ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် ၃-ဆ ပို သဖြင့်
 ဗိုက်ပြည့်စေပါသည်။ ကယ်လိုရီနဲ သော အမျှင်ဓာတ်များပေါကြွယ်ဝခြင်းကြောင့်
လဲ၊ ခန္ဓာကိုယ် အလေးချိန်ထိန်း လိုသူများ သည် ပိန်းဥကို မှန်မှန်စား
 ပေးသင့်ပါ သည်။ ပိန်းဥ ၏ ထူးခြားချက်မှာ ၄င်းကိုအပူပေး ချက်ပြုတ်ပြီး
သောအခါ၊ ပါရှိသော Vitamin E သည် တခြားအသီးအနှံ များနှင့် မတူ
တမူထူးခြားစွာ မြင့်မားစွာကျန်ရှိနေပါသည်။ သို့ သော် ပိန်းဥ၊ ပိန်းရိုးတို့ ကို
 အောက်ပါအတိုင်း စံနစ်တကျ ချက်ပြုတ် ပြင်ဆင်ပြီးမှသာ စားသုံးသင့်
ပါသည်။ 

• ပိန်းဥ နှင့် ပိန်းရိုးတို့ တွင် Oxalates ဓာတ် ပါရှိသဖြင့် အစိမ်းစား မိ ပါက၊
 ပါဝင်သော ထို Oxalates ဓာတ်များ သည် လူကိုအဆိပ်ဖြစ်စေ ပါသည်။ 
ထို့ ကြောင့် ထိုဓာတ်များ ပြယ်စေရန်အတွက် ပိန်းဥကို မချက်ပြုတ်မှီ 
တစ်ညကြိုတင်၍ ရေစိမ် ထား သင့်ပါသည်။ 

• ပိန်းဥအစိမ်းထဲတွင်ပါဝင်သော Oxalate ဓာတ်က ဂေါက်ရောဂါနှင့်
ကျောက်ကပ်တွင် ကျောက်တည်ခြင်း ရောဂါတို့ ကို အားပေးစေနိုင်သဖြင့်၊
 ပိန်းဥ နှင့် ပိန်းရိုး တို့ ကို သေသေချာချာ အပူပေးချက်ပြုတ်ပြီးမှသာ
စားသောက်သင့်ပါသည်။ ပိန်းဥ ကို အလွန်ကြိုက်နှစ်သက်ကြသော
အဆိုပါရောဂါရှိသူများသည် Oxalate ဓာတ်ပြယ် စေရန်အတွက် 
ပိန်းဥ ကို နွားနို့ (သို့ မဟုတ်) ကယ်လ်စီယမ် ကြွယ်ဝစွာပါရှိသော
 အစားအစာ တစ်ခုခုဖြင့် တွဲဖက်၍သာ စားသုံးပေးသင့်ပါသည်။ 

• သို့ သော် အထက်ဖော်ပြပါ ရောဂါရှိသူများသည်၊ မလိုလားအပ်သော
 ပြဿနာများ မဖြစ်လာစေရေးအတွက် ပိန်းဥ နှင့် ပိန်းရိုးတို့ ကို ရှောင်နိုင်
 လျှင် ပိုကောင်းမည် ဖြစ်ပါ ကြောင်း အကြံပြုအပ်ပါသည်။ 

Credit to ပေါက်ပေါက် 


လွင်ပြင်

No comments:

Post a Comment