+Public Health+
စမတ်ဖုန်း ကိုင်ဆောင်ရတဲ့သူတိုင်း အချိန်မရွေးကြုံတွေ့လာနိုင်တာ
ကတော့ ဖုန်း မှန်သားပြင် ကွဲသွားခြင်းပဲ ဖြစ်ပါတယ်။ စမတ်ဖုန်း တစ်လုံးရဲ့
တန်ဖိုးဟာ နည်းပါးလွန်းတဲ့ ပမာဏ မဟုတ်တာကြောင့် အသစ် တစ်လုံးနဲ့
ချက်ချင်းလဲဖို့ဆိုတာလည်း သိပ်တော့မလွယ်ကူလှပါဘူး။
မိမိတို့
ပတ်ဝန်းကျင်မှာလည်း ဖုန်းမှန်ကွဲ နေပေမယ့် ဆက်သုံးတဲ့ မိတ်ဆွေ
တွေ ရှိပါလိမ့်မယ်။ သူတို့ကိုလည်း ဒီ ဆိုးကျိုးလေးတွေ သိအောင်
ဝေမျှ ပေးလိုက်ပါဦး။
-ဖုန်းမှန်ကွဲ ရာကနေ စိစိညက်ညက်ကြေနိုင်-
အက်ရာရှိနေတဲ့ ဖန်သားပြင် ဟာ ပြန်မကောင်းလာနိုင်တဲ့အပြင်
ပိုဆိုးသွားဖို့ပဲရှိပါတယ်။ ဒီလိုမျိုး ပိုမိုအက်ကွဲလာတဲ့အချိန်မှာတော့
မသုံးသင့်ပါဘူး။
ဖန်သားစ တွေဟာ အရေပြား နဲ့ပွတ်ရှမိရင်
သွေးထွက်နိုင်ပါတယ်။ ဒါက ပဏာမ အခြေအနေပါ။
-ဖုန်း ကပိုမို ပျက်စီးလာနိုင်-
ဖုန်း ရဲ့ အပေါ်ယံမျက်နှာပြင်ကိုဖုံးအုပ်ပေးတဲ့ ဖန်သား ကွဲနေတာမို့လို့
ဖန်သား ပျက်စီးတာနဲ့ ဖုန်း အထဲက လုပ်ဆောင်ပေးနေတဲ့ app တွေကိုပါ
ထိခိုက်လာနိုင်စေပါတယ်။
-ဖုန်း ထဲကို ပြင်ပအညစ်အကြေးများ ဝင်ရောက်-
ဖုန်း က ကွဲနေတော့ ရေ သဲ ဖုန် မိတ်ကပ် အစရှိတဲ့ အညစ်အကြေးနဲ့
ဖုန်းကို ပျက်စီးစေနိုင်တဲ့ အရာတွေ ဝင်ရောက်နိုင်ပါတယ်။
ဖုန်း ထဲက
ရေဒီယို သတ္တိကြွလှိုင်းတွေ လူကိုကူးစက်ပါတယ်။
ဖုန်း ထဲက ရေဒီယို လှိုင်း
တွေကြောင့် စကားပြောလို့ရတာဖြစ်ပါတယ်။ ဖုန်းမှန်ကွဲခြင်း ဟာ
ဒီလှိုင်းတွေကို အပြင်ကို ပိုမို ပျံ့လွင့်စေတာကြောင့် နားကို
ထိခိုက်စေပါတယ်။ မှန်ကွဲနေတဲ့ ဖုန်းနဲ့ ဂိမ်းဆော့ရင်လည်း မျက်စိကို
ဒုက္ခရောက်စေပါလိမ့်မယ်။
Source : My Tech Myanmar
Credit: Tha Din
လွင်ပြင်

No comments:
Post a Comment