Sunday, April 20, 2014

==ဟာဒယနှလုံး-တခဏပြုံး===

**သူတို့က**

လူသုံးယောက်တို့ သည် ရန်ကုန်ဘူတာကြီး ရှိ မီးရထား ဘူတာရုံအတွင်းသို့ ၀င်လာကြ၏။ သူတို့သည် အရက်လည်း အနည်း ငယ်မူးနေကြ၏။ ဘူတာရုံ ပလက်ဖောင်းသို့ ရောက်သောအခါ မီးရထားက ထွက်ခွာစ ပြုနေပြီဖြစ်သည်။ ထိုအခါ လူ သုံးယောက်တို့သည် မီးရထားနောက်သို့ ပြေးလိုက်ကြလေ၏။ ဘူတာမှ လက်မှတ်စစ်နှင့် တာဝန်ကျ ၀န်ထမ်းတစ်ဦးမှ နောက်မှ နေ၍ တင်ပေးလိုက်ကြ ရာ လူနှစ်ယောက်သည် ရထားပေါ်သို့ ရောက်သွားကြ၏။ ကျန်တစ်ယောက်မှာမူ ကျန်ရစ်ခဲ့လေသည်။ ကျန်ရစ်ခဲ့သောသူသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသော ရထားကြီးကိုစူးစိုက်စွာ ရပ်ကြည့်နေ၏။ ထိုအခါ တာဝန်ကျ မီးရထားဝန်ထမ်းမှ....." ..ရထားပေါ် ခင်ဗျားပါမသွားတာဝမ်းနဲပါတယ်ဗျာ.."..ဟုနှစ်သိမ့်လေ၏။ ကျန်ရစ်သူမှ ပြန်ပြောလိုက်သည်မှာ........ " အေးပေါ့ကွာ......သူတို့လည်းစိတ်မကောင်းဖြစ်နေကြမှာပဲကွ.....။ သူတို့က...ငါ့ကိုလိုက်ပို့ကြတာလေ..."....တဲ့ ။

တိန်

ရီမောပျော်ရွှင်ပါစေ

 +ကိုလုံ+

No comments:

Post a Comment