Monday, April 28, 2014

==လူထုကျန်းမာရေး (ဝတ်ဆင်သူ၏ ကျန်းမာရေးကို အကျိုးပြုသော နာရီ)==

**Public Health** 

ခရမ်းလွန် ရောင်ခြည်ကို တိုင်းတာပေးသော နာရီအသစ် တစ်မျိုးကို လက်မှာပတ်၍ ဝတ်ဆင်ထားသူ အနေဖြင့် နေပူလောင်မည့် အန္တရာယ်ကို နာရီက ပြောပြမည်ဟု သိရသည်။ ထို့ပြင် ဗီတာမင်ဒီ ဓာတ်များဆုံးရှုံးခြင်း မရှိအောင်လည်း သတိပေးမည် ဖြစ်သည်။ ယင်းနာရီသည် နေပူခံ ခရင်မ်လိမ်းရန်မလိုတော့အောင် တီထွင်ထားခြင်းပါ။ အဆိုပါနာရီသည် နေရောင်ခြည် ကျရောက်လာသော အခါ ဓာတ်ရောင်ခြည်များ၏ ဘေးဖြစ်စေသော ထိခိုက်မှုက လူ၏ အရေပြားကို ကာကွယ် စောင့်ရှောက်ပေးရုံသာမကသေး ဗီတာမင်ဒီကိုပြုလုပ်ပေးနေသော ခရမ်းလွန်ဘီ ရောင်ခြည်များကို အရေပြားက စုပ်ယူခြင်းကလည်း ရပ်တန့်စေမည်။ ကျွမ်းကျင်သူများ၏ ပြောကြားချကအရ အဆိုပါခရင်မ်များသည် တစ်ကမ္ဘာလုံးအတွက် လိုအပ်ချက်ကြီး ဖြစ်လာမည်ကို စိုးရိမ်မိသည်။ ဤနာရီသည် ဝတ်ဆင်သူတိုင်းအား ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်း ပြဿနာများကို ကျော် လွှားနိုင်ရန် အထောက်အကူ ပြုမည်ဟု မျှော်လင့်ရသည်။ ယင်းနာရီကို အသုံးပြုရာတွင် အရေပြား၏ အထိအခိုက် မခံနိုင်မှု ခန့်မှန်းချက် ပမာဏ(၁ မှ ၁၁ အထိ) ထည့်သွင်း ပေးရသည်။ LED မီးက နာရီပုံကို ဖော်ပြပြီး ခရမ်းလွန်ရောင်ခြည် အရေပြားပေါ်သို့ ကျရောက်နေမှု တိုးလာလျှင် မီးလင်းပြ အချက်ပေးမည်။ နေရောင်ထဲမှာ မနေနဲ့တော့ အမြန်ထွက်ပြေး၍ အရိပ်ထဲကို ဝင်ပါဆိုလျှင်လည်း မီးလင်း သတိပေးမည်။ ဤပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ကရင်အက်ဂက်တ်က ဗီတာမင်ဒီ ဓာတ်ချို့တဲ့သော ရောဂါမှာ ကမ္ဘာ အနှံ ဖြစ်ပွားသော ရောဂါဖြစ်သည်ဟု ဆိုသည်။ အဆိုပါနာရီတွင် အသုံးပြုထားသော အာရုံခံ ဆင်ဆာလေးမှာ နေရောင်ခြည် ထိခိုက်မခံ နိုင်မှု အဆင့်ကို (၁ မှ ၁၁ အထိ) ထားရှိပြီး တိုင်းတာပေးသည်။


ခရမ်းလွန်ရောင်ခြည် အဆင့်ဘယ်လောက်ထိ သင့်အရေပြားက စုပ်ယူထားသည်ကို LED မီးဒိုင်ခွက်က ပြနေသည်။ ဤနာရီမှာ နေပူခံ ခရင်မ်အသုံးပြုမှု လျှော့ချပေးရန် ရည်ရွယ်၍ ဗီတာမင်ဒီ ဓာတ်စုပ်ယူမှု ပမာဏကို လျှော့ချပေးရန်လည်း ရည်ရွယ်သည်။ လူအများစု သိထားကြသည်မှာ နေရောင်ခြည်သည် လူ၏ ကျန်းမာရေးကို ကောင်းစေ၏ဟူ၍ ဖြစ်သည်။ သို့သော် နေရောင်ခြည် အတိုင်းအတာ ပမာဏ ဘယ်လောက်အထိပဲ လိုသည်ကိုမသိကြပေ။ ခရမ်းလွန်ဘီ ရောင်ခြည်က လူကို ဗီတာမင်ဒီဓာတ်ကို ပေး၍ ခရမ်းလွန်အေ ရောင်ခြည်က နေပူဒဏ်ကြောင့် အရေပြား ပျက်စီးစေသည်။ ဗီတာမင်ဒီက ကိုယ်ခန္ဓာ၏ ကယ်လ်စီယမ်ဓာတ် အဆင့်ကို စီမံပေးရာတွင် အရေးကြီးသည့်အပြင် အရိုးများ၏ ကျန်းမာရေးကို ထိန်းသိမ်းပေးသည်။ ထို့အပြင် သားပျက်ခြင်း၊ ကင်ဆာ၊ အဆစ်အမြစ်ရောင် ရောဂါနှင့် ဆီးချိုရောဂါ တို့ကိုလည်း အကျိုးသက်ရောက်မှု ရှိသည်ဟု မကြာမီက ဆိုသည်။ Queen Mary လန်ဒန်တက္ကသိုလ်၌ ဗီတာမင်ဒီကို သုတေသန လုပ်နေသော ဘာဘရာဘောက်ချာက ဒါစိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စပဲ။ နေရောင်ခြည်ကို အထိအခိုက် မခံနိုင်မှု အတွက်နှင့် ခရမ်းလွန်ဘီ ရောင်ခြည်အတွက် စံတိုက်ကြည့်သည့်အခါ တိကျ သေချာရသည်။ ယင်းသည် နေလောင်သည့် ဒဏ်ကို ကာကွယ်ရန် အသုံးဝင်သည်။

သို့သော် တစ်ခုရှိသည်မှာ နာရီကို ဝတ်ဆင်ထားသည့် လက်ကောက်ဝတ်တွင် ကျရောက်သော နေရောင်ခြည်ကို သာလျှင် တိုင်းတာနိုင်၍ ခန္ဓာကိုယ် တစ်ခုလုံးကို မတိုင်းတာနိုင်ပါ။ ယင်းလိုအပ်ချက်ကို သူက ပွင့်လင်းစွာ ပြောပါသည်။ နောက်ဆုံးပေါ်နာရီ တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၅ဝ နှင့် ရောင်းသည်။ ဗားရှင်းအသစ်တွင် Bluetooth စွမ်းရည် ရှိပြီး စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်သည်။ မူရင်းကို ထုတ်လုပ်သော အဖွဲ့သည် ခရမ်းလွန် အေရောင်ခြည်နှင့် ဘီရောင်ခြည် အကြား ကွာဟချက်ကိုပါ ဖော်ပြနိုင်အောင် လုပ်ဆောင် နေကြသည်။ တခြား ခရမ်းလွန်ရောင်ခြည် ခြေရာခံသော အမျိုးအစားကို ၂ဝ၁၄ ခုနှစ်တွင် Netatmo June ကဲ့သို့ လက်ဝတ်ရတနာ သဖွယ် ခရမ်းလွန်ရောင်ခြည် အာရုံခံ ကိရိယာ တစ်ခုအဖြစ် ထွက်ရှိ လာပါတော့မည်ဟု သိရှိနိုင်သည်။ ။

Written by ကေတု

No comments:

Post a Comment