+(၂၁ ဧပြီလ ၂၀၁၄)+
လူဆိုတာ... ဘယ်အချိန်မှာ မွေးလာခဲ့ပါစေ.... ဘယ်အချိန်မှာ သေဆုံးသွားပါစေ... မွေးနေ့နဲ့ သေဆုံးတဲ့ နေ့တွေက ... ဘာမှ အရေးမကြီးဘူး... လူဆိုတာ ... သူမွေးဖွားပြီး ချိန်ကနေ... သူသေဆုံးသွားချိန် အတွင်း... သူရှင်သန်ခဲ့ရာ... သူ့ရဲ့နေ့ရက်တွေထဲမှာ.... သူလုပ်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်တွေကသာ... အရေးကြီးတာပါ...။ လက်ရှိ စာရေးသူ အပါအ၀င်... အားလုံးသော ရှင်သန်နေသူတွေ... မွေးဖွားခဲ့ပြီးသူတွေ... မသေဆုံးသေးသော သူတွေ... အခုလုပ်နေတဲ့ လုပ်ရပ်တွေထဲမှာ... ဒီနေ့သေဆုံးသွားရှာပြိီဖြစ်တဲ့.. ဟ့သာဝတီ ဦးဝင်းတင်လို... ဘာတွေ ပေးဆပ်ခဲ့ပြီးကြပြီလဲ.... ဘာတွေ ဦးဆောင်ပြီးကြပြီလဲ.... ဘာတွေ တွေးခေါ်ပြီးကြပြီလဲ.... ဘာတွေ ကြံစည်ပြီးကြပြီလဲ.... ဘာတွေ လမ်းသစ်ထွင်ပြီးကြပြီလဲ.... ဘာတွေ......... ဘာတွေ....... အများကြီးပါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာတွေ တစ်နေ့ ကွယ်လွန်သွားပြီးတဲ့ သူရဲကောင်းတွေ.... ခေါင်းဆောင်ကောင်းတွေ... သူတော်ကောင်းတွေ....အားလုံး...ရဲ့ အရိုးတွေ ထတွန်ပြီး.... မေးခွန်းတွေ မေးလာခဲ့ကြရင်.... ကျွန်တော်တို့မှာ .... ကောင်းမွန်တဲ့ အဖြေတစ်ခုရှိနေအောင်... ရှင်သန်နေချိန်တွင်းမှာ .... လုပ်ဆောင်ချက်ကောင်းတွေ..ရှိနေဖို့....။ ........................................... ...........................................
ဘာလုပ်မှာလဲပြော.............။
ဗီဇ။
မြင်ရတဲ့လောကမှာ
အမှန်တွေလွဲ အမှားတွေ မြဲ
ပြင်မရတဲ့ သောကများပြီး တရားကနည်း
အမှောင် လောဘ လူ့ ရွာ ၊ကျားရဲ စွန့် ခွာခဲ့ပြီ..။
သိက္ခာ သမာဓိ ၀တ်စုံကို ခုံခုံမင်မင် တစ်သက်တာ ၀တ်ဆင်ပြီး
စိတ်မှာ တွယ်ငြိစေတဲ့ သတ္တိစကားလုံးများနဲ
့ခေတ်ကို အလှဆင်သူ
ပေးဆပ်
စွန့် လွှတ် အနစ်နာခံခြင်းမှာ စံတင်ထိုက်သူမို့ 
စစ်တိမ်တိုက်အောက်မှာ ငြိမ်းချမ်းရေး လရောင်ဟာ
ကြေကွဲခြင်းအပြည့်နဲ လေလွင့်ခဲ့ပြီ..။့
နံနက်ခင်းမှာ လေပြင်း မုန်တိုင်းလို သတင်းဆိုး တိုးဝှေ့ စဉ်
အလင်းမဲ့ ကောင်းကင်မှာ ကြယ်တွေ ငိုပွဲ ဆင်နွှဲ
နေရောင်ခြည်ဟာ အလံတစ်ဝက် လွှင့်ထူရင်း
ဂုဏ်ပြု
ကျောက်တိုင်တွေကတောင်
သူ့ ကို ပြိုင်တူအလေးပြုနေတယ်..။
လျှောက်လှမ်းတဲ့ ဘ၀လမ်းတွေပေါ်မှာ
ဖောက်ပြန်သူတွေက ပျော်ပါးပြီး
သံတိုင်တွေကြား တောင်တန်းကြားမှာ
ခေတ်ပြောင်းတော်လှန်သူတွေ ကျဆုံး
ရာသီဥတုလို လောကကြီးလည်း ဖောက်ပြန်
၊စောင်းနေတဲ့ကမ္ဘာမြေလည်း ဖျားနာနေပြီ..။
တောင်တန်းတွေပေါ် စစ်ပွဲတွေ ထိုင်နေတဲ့ခေတ်မှာ
စားပွဲ ကုလားထိုင်ပေါ်မှာ ဆွေးနွေးပွဲများ သေဆုံးခဲ့
စကားနည်း ရန်စဲဆိုပြီး ခေါင်းငုံခံရအောင်လည်း
မတရားမှုတွေကြားမှာ အဆိုးအမှားတွေက မျက်နှာလွှဲ ခဲပစ်နေတယ်..။
ဘာမှ မမြဲတဲ့ သင်္ခါရ လောကမို့ 
တရား သဘောနဲ့ ဆင်ခြင်လည်း
ထာဝရ ခွဲခွာခြင်းဆိုတာ နှလုံးသားကို ဆွဲထုတ်သလို
နာကျင်ခဲ့
တရားမြဲပြီး ကျားရဲတွေရှင်သန်တဲ့ခေတ် သေဆုံးခဲ့တယ်..။
ယုံကြည်ချက်အတွက် ဘ၀နဲ့ အသက်ပေးသွားသူကို
ချစ်ခင်လေးစားရင်
ဘ၀တိုက်ပွဲမှာ မျက်ရည်ကျနိုင်တယ် ၊
တော်လှန်တိုက်ပွဲမှာ စိတ်ဓာတ်မကျပါနဲ့ ..။
+အောင်ခိုင်မြင့်+
၂၁ ဧပြီလ ၂၀၁၄
( အဘဦးဝင်းတင် ကောင်းရာ သုဂတိလားပါစေ...အဘဦးဝင်တင်ကို ဂုဏ်ပြုသည့် ကဗျာ..)
No comments:
Post a Comment