အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ဒီကနေ့ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန် ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။
ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်
========================
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။
၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂
၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည် ဖြစ်ပါသည်။
၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။
၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
from--Nyi Nyi Lwin Facebook
No comments:
Post a Comment