Tuesday, April 22, 2014

==လူထုကျန်းမာရေး( Burns မီးလောင်ခံရခြင်း)==

**Public Health**
ကျွန်တော့်သူငယ်ချင်းတစ်ယောက့့် ကို ရေနွေးပူလောင်သွားလို့ပါ။ အရေပြားတွေလည်း လောင်သွားပါတယ်။့ ပေါ်က အရေပြားတွေက ပြန်ဖြစ်လာဦးမလားဆိုတာ သိချင်ပါတယ်ခင်ဗျား။ ပြီးတော့ ဘယ်လိုဆက်လုပ်ရဦးမလဲ ဆိုတာကိုလည်း အကြံပေးပါဦးခင်ဗျာ။ အပူရည်၊ ဆီပူ၊ အပူငွေ့၊ မီး၊ လျှပ်စစ်၊ ဓါတ်ရောင်ခြည်၊ ဓာတုပစ္စည်းများ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ၃ မျိုးခွဲထားသည်။ တစ်ရှူးအား မည်မျှ ထိခိုက်သနည်း စစ်ဆေးပါ။ လက်၊ မျက်နှာ၊ တင်ပါးဆုံဝန်းကျင်၊ အဆစ်တို့၌ ဖြစ်ပါက အရေးကြီးသည်။

+ပထမအဆင့်+

အပေါ်ယံဖြစ်၊ ရောင်မည်။ နီမည်။ နာမည်။ အရည်ကြည်အဖု မထွက်၊ နေရာအား ဖိကြည့်ပါက ဖြူသွားမည်။ ၃-၆ ရက်အတွင်း ပျောက်မည်။ ကုသရန် အပူလောင်စေသည့်အရာက ဖယ်ထုတ်ပါ။ မီးလောင်နေသည့် အဝတ်များ ဖယ်ပြစ်ပါ။ ရေအေးအေးလောင်းပေးပါ။ ခပ်ဖေါ့ဖေါ့ သန့်ရှင်းပေးပါ။ ခြောက်သွားအောင် လုပ်ပါ။ ပိုးသန့်ဆေး တမျိုးမျိုးထည့်ပါ။ ပိုးသန့်ထားသည့် ပတ်တီးစည်းပေးပါ။ မေးခိုင်ကာကွယ်ဆေး ထိုးပါ။

+ဒုတိယအဆင့်+

 အရေပြားအပေါ်ယံမက ထိခိုင်သည်။ ရောင်မည်။ နီမည်။ ထိုလိုက်ပါက ဖြူသွားမည်။ အရည်ကြည်အဖု blisters ထွက်မည်။ အနာရွတ် ကျန်ရစ်မည်။ အဆစ်၌ဖြစ်ပါက မလှုပ်နိုင်ဖြစ်မည်။ အရည်-ဆားဓာတ် နည်းမည်။ ပျောက်ချိန် ကြာမည်။ သန့်ရှင်းပေးပါ။ ညင်ညင်သာသာခြောက်သွေ့ပေးပါ။ ပိုးသန့်ဆေး လိမ်းပါ။ လူနာကို လှဲနေစေပါ။ ဖြစ်သည့်နေရာကို အထက်မြှင့်ထားပါ။ အရေပြား အစားထိုးရနိုင်သည်။ အဆစ် လှုပ်ရှားမှုအတွက် ဖီဇီယိုသာရာပီ လိုနိုင်သည်။ အဆစ် မလှုပ်စေရန် ကြပ်စည်းရန် လိုနိုင်သည်။ ဆေးရုံတင်ရနိုင်သည်။

 +တတိယအဆင့်+

အရေပြားတလွှားလုံး (၃ ထပ်) ထိခိုက်မည်။ ချွေးထွက်အိတ်များ၊ ဆံပင်မွှေးများ ပျက်စီးမည်။ အာရုံကြောများ ပျက်စီးသွား၍ နာမည် မဟုတ်။ ဖိကြည့်ပါက ဖြူသွားမည် မဟုတ်။ အရည်ကြည်အဖု မထွက်။ ရောင်မည်။ သားရေပြားလို ဖြစ်သွားမည်။ အရောင်ပြောင်းမည်။ အနာရွတ် ကျန်ရစ်မည်။ သွေးအသွားအလာ ပျက်စီးမည်။ အရည်-ဆားဓါတ် နည်းမည်။ (ရှော့ခ်) ရနိုင်သည်။ ပုံသဏ္ဍာန် ပျက်စီးသွားမည်။ လူကြီးဆိုပါက ၆ဝ % ဖြစ်လျှင် သေနိုင်သည်။

+ကုသရန်+

 ရေအေး လောင်းပေးရန်၊ ဆေးရုံတင်ရန်၊ ရေ-ဆား နည်းသည်ကို သွေးကြောမှ သွင်းရန်၊ အောက်ဆီဂျင်ပေးရန်၊ ခွဲစိတ်ပြုပြင်ရန် လိုနိုင်၊ အာဟာရဓါတ်ဖြည့်ရန်၊ စောင့်ကြည့်ရန်၊ စိတ်ပိုင်းကုသမှု လုပ်ပေးရန်။ ထိခိုက်မိ၍ ဒဏ်ရာရခြင်းများ အရေပြားအား သာမန်ရှခြင်း၊ ကုတ်မိခြင်း၊ ကုသရန် မလိုနိုင်။ ပိုးမဝင်အောင် လုပ်ပေးရမည်။ အနာကို ရေသန့်သန့်ဖြင့် သန့်ရှင်းပေးပါ။ ဆပ်ပြာကို အမြဲသုံးရန် မလို။ သွေးယိုနေပါက ဖိပေးပါ။ ၁ဝ မိနစ် အတွင်း ရပ်မည်။ အနာထဲဝင်နေသည့် ပစ္စည်းများ ဂရုတစိုက် ရှင်းထုတ်ပါ။ အနာထဲ နက်ဝင်နေသည့် ပစ္စည်းများကို ကြိုးစား၍ ဖယ်မပြစ်ရ။ ပတ်တီးစီးရမည်။ ဆေးကို နေ့တိုင်း ထည့်ရမည်။ အနာက အထဲနက်ပါက သွေးပိုထွက်မည်။ အရေပြားအောက်ထိ ထိခိုက်မည်။ ချုပ်ပေးရန် လိုနိုင်သည်။ မေးခိုင်ကာကွယ်ဆေး ထိုးရန်လိုသည်။ ပြည်တည်နိုင်သည်။ ဖျားနိုင်သည်။ မေးခွန်းမှာဖြစ်တာအတွက် ဘယ်လောက်ကျယ်သလဲ၊ ဘယ်လောက်နက်သလဲ အပေါ်မူတည်ပါမယ်။ ဖြစ်တဲ့နေရာက အရေးကြီးတာထဲမှာပါတယ်။ (ပလပ်စတစ် ဆာဂျရီ) အထူးကုကို ပြသင့်ပါတယ်။


+ဒေါက်တာတင့်ဆွေ+

No comments:

Post a Comment