Thursday, May 1, 2014

==လူထုကျန်းမာရေး(ပါးချိတ်ရောင် ရောဂါ)==

**Public Health** 
ပါးချိတ်ရောင် ရောဂါသည် မန့် (Mumps) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီရောဂါဟာ ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလတွေမှာ အဓိကကူးစက် ဖြစ်ပွား တတ်ပါတယ်။ +ကူးစက်ရာ လမ်းကြောင်း+ ကူးစက်ရာ လမ်းကြောင်းကို ကြည့်တဲ့အခါ လူနာနဲ့ တိုက်ရိုက်ထိတွေ့ ကူးစက်ခြင်းနဲ့ အစက်ငယ် ကူးစက်ခြင်းလည်း ရှိတယ်။ လေကြောင့် ထွက်သက်ဝင်သက်၊ တံတွေး၊ ရောဂါ ရှိသူရဲ့ အခန်းရှိ ပစ္စည်းများ၊ အိုးခွက်ပန်းကန်များ၊ အိပ်ရာ၊ ခြင်ထောင်၊ အဝတ်အစားများ၊ ရောဂါဖြစ်ဖူးသူရဲ့အနာဖေးများမှ တစ်ဆင့် ကူးစက်စေပါတယ်။ +ရောဂါ လက္ခဏာများ+ မန့် (ကြာဈ) ပါးချိတ်ရောင် ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစောင်များ နာလာခြင်း၊ ပါးစပ်ဟ မရဖြစ်ခြင်း၊ ပါးချိတ်နှစ်ဖက်လုံး ရောင်ရမ်းခြင်းနှင့် နောက် ၁ဝ ရက်ကြာ ပျောက် ကင်းသွားခြင်း တို့ဖြစ်ပြီး သေဆုံးနိုင်ခြင်း မရှိပါ။ ပါးချိတ်ရောင် လူနာကို အရောင်ပျောက်တဲ့အထိ တစ်ပတ်ခန့် သီးခြားထားဖို့ လိုပါတယ်။ ဆက်စပ် သူများကို ကာကွယ်တဲ့ အနေနဲ့ ထပ်ဆင့်မြှင့် စီဖရန် ၅ဝဝ မီလီဂရမ် နှစ်လုံး တစ်ခါတည်း တိုက်ရမယ်။ နီးစပ်သူများကို သီးခြား ထားစရာမလိုပါ။ +မကူးစက် နိုင်အောင် ကြိုတင် ကာကွယ်နည်းများ ကာကွယ်နည်းများ+ ကြိုတင် ကာကွယ်နည်းမှာ ကာကွယ်ဆေး ပေါ်လာပြီး အနောက်နိုင်ငံများတွင် ထိုးနှံ တတ်ကြောင်း တွေ့ရပါတယ်။ ရောဂါဖြစ်ရင် ဆရာဝန်နဲ့ပြသကာ ညွှန်ကြားတဲ့ ဆေးညွှန်း အတိုင်း တိကျသေ ချာစွာ သောက်ဖို့ လိုပါတယ်။ ပါးချိတ်ရောင် ရောဂါဟာ ဗိုင်းရပ်စ်ပိုး ဖြစ်လို့ ကာကွယ်ဆေး နှစ်စဉ်ထိုးနှံဖို့ လိုပါတယ်။ မန့် ကာကွယ်ဆေးကို ထိုးနှံထားရင် ရောဂါ မဖြစ်နိုင်ပါဘူး။ တုပ်ကွေးရောဂါလို နှာရည်ယိုခြင်းနှင့် အသက်ရှူ ချောင်းဆိုးရာမှ ကူးစက်နိုင်ပါတယ်။ လူမှလူကို ကူးစက်တယ်။ တစ်ပတ်ခန့်ကြာမှ သူ့ဘာသာ သက်သာလာပြီး စားနိုင်သောက်နိုင် ပြန်ဖြစ် လာတယ်။ နောက်ထပ် ဗက်တီးရီးယား မဝင်ရအောင် ပိုးသတ်ဆေးစီဖရန် သို့မဟုတ် အမောက်ဆလင် ၂၅ဝ မီလီဂရမ် တစ်နေ့နှစ်ကြိမ်၊ လူကြီးအတွက် ၅ဝဝ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ခုနစ်ရက်မှ ၁ဝ ရက်အထိ တိုက်ကျွေး နိုင်တယ်။ တိုက်ရင် ပါရာစီတမော၊ ကီးမို့စ် (Paracetamol, Kemose) တစ်နေ့နှစ်ကြိမ် တိုက်နိုင်တယ်။ ဆားရည်နဲ့ မကြာခဏ ပလုတ်ကျင်းသင့်တယ်။ ဓာတ်ဆား ရည် သောက်သင့်တယ်။ လူနာကို သီးခြားထား ကုသဖို့ လိုပါမယ်။ သိပ်ပြင်းထန်ရင် ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိုင်း သေချာတိကျတဲ့ ဆေးကို တိုက်သင့်ပါတယ်။ +ကုသခြင်း+ ပုံမှန်အတိုင်း လှုပ်ရှားသွား လာနိုင်ပေမယ့် သီးခြား နေသင့်တယ်။ ရောဂါနှစ်မျိုး ဖြစ်လို့ တုပ်ကွေး သက်သာအောင် ပါရာစီတမော ((Paracetamol) စသဖြင့် သောက်နိုင် တယ်။ နွေးနွေးထွေးထွေး နေရမယ်။ အပူပြင်းရင် ရေပတ်တိုက်ကာ အအေးခန်း (Aircon) ခန်းမှာ နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ပြသပြီး ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို တိကျသေချာစွာ သောက်သင့်ပါတယ်။ ဒီရောဂါဟာ လူအချင်းချင်း ကူးစက်နိုင်လို့ ပြုစုပေးတဲ့ သူတွေ အနေနဲ့လည်း ထပ်ဆင့်မြှင့်ဆေး စီဖရန် ၅ဝဝ မီလီဂရမ် နှစ်လုံး တစ်ကြိမ်တည်း သောက်သုံး ထားသင့်တယ်။ +ဒေါက်တာ လွင်သန့် (ဆေး-၂)+ Written by သုတ

No comments:

Post a Comment