Sunday, February 14, 2016

=လူထုကျန်းမာရေး(ကြက်ဥမှာကလေးများအတွက်အကောင်းဆုံးမနက်စာဖြစ်)=

**Public Health**
 ကြက်ဥဟာ ကလေးတွေအတွက် ကြာရှည်စွာအဆာခံနိုင်တဲ့ အရာတစ်ခုဖြစ်တယ် လို့သုတေသန တစ်ရပ်အရသိရပါတယ်။ အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားတက္ကသိုလ် မှလေ့လာချက်တစ်ခုအရ ကြက်ဥကို မနက်စာအဖြစ်စားသုံးတာဟာ တခြား နှံစားအုပ်(Cereal) နဲ့ ဆန်ပြုတ်ကိုစားတာထက်စာရင်ပိုမို ကောင်းမွန်တာဖြစ်ပါတယ်။ သုတေသီတွေက ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေကိုစားသုံးခြင်းဟာ ကလေးတွေအနေနဲ့ နေ့လည်စာစားချိန်မှာ ကယ်လိုရီအနည်းငယ်သာ ရရှိစေတာကိုပါ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ အဝလွန်ခြင်းကိုပါကာကွယ်ပေးနိုင်ဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ Eating Behaviours ဂျာနယ်မှာဖော်ပြချက်အရ လေ့လာသူတွေဟာ ရှစ်နှစ်ကနေဆယ်နှစ်အတွင်း ကလေးအယောက်လေးဆယ်ကို လေ့လာခဲ့တာဖြစ်ပြီး ကလေးတွေကို ကယ်လိုရီ ၃၅၀ရှိတဲ့ ကြက်ဥ၊ ဆန်ပြုတ်နဲ့ Cereal တွေကိုစားသုံးစေပြီး နေ့လည်စာမစားခင်မှာ ရုပ်ပိုင်းဆိုင်ရာ ကစားနည်းတွေ ကစားစေခဲ့ပါတယ်။ သုတေသနအရ ကြက်ဥစားတဲ့ကလေးတွေဟာ နေ့လည်စာစားတဲ့အချိန်မှာ ကယ်လိုရီ ၇၀ လောက်ထိကိုလျှော့ချပေးနိုင်တာကိုလည်းတွေ့ခဲ့ရတာပါ။ 
ဒါဟာ သူတို့ရဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအစာကယ်လိုရီ ပမာဏရဲ့ လေးရာခိုင်နှုန်းလောက် ပြောင်းလဲသွားတာကို
 တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

Credit : ThitHtooLwin

No comments:

Post a Comment