Monday, February 29, 2016

=လူထုကျန်းမာရေး(မိမိသွေးအုပ်စု အလိုက် သင့်တော်တဲ့ ရေနွေးကြမ်း အမျိုးအစားကို ဘယ်လိုရွေးမလဲ)=


**Public Health**

သွေးအုပ်စု တစ်ခုချင်းစီမှာ လိုအပ်ချက် အမျိုးမျိုးရှိကြပါတယ်။ ဒါ့ကြောင့်မို့ ဘယ်ရေးနွေးကြမ်းက သင့်အတွက် အကောင်းဆုံးနဲ့ သောက်ဖို့ အသင့်တော်ဆုံးဖြစ်မလဲ ကြည့်ကြရအောင်။ ...သွေးအုပ်စု O ဒီသွေးအမျိုးအစားနဲ့ လူတွေမှာ အသားကို မက်မောတောင့်တကြပြီး နို့နဲ့ ဂျုံကို ရှောင်ကြတယ်။ ဒီလူတွေမှာ အစာချေ အက်ဆစ် ပြသနာ မကြခဏဖြစ်လေ့ရှိပြီး စိတ်ဖိစီးမှု ပြသနာတော့ ကင်းရှင်းကြပါတယ်။ အကြံပြုချင်တဲ့ ရေနွေးကြမ်းတွေမှာတော့ - ဂျင်း၊ ဂရင်းတီး (green tea)၊ ဂျင်ဆင်းပင်နဲ့ ပူစီနံ စတာတွေပဲ ဖြစ်ပါတယ်။ သွေးအုပ်စု A Cortisol ဟော်မုန်းများပြားလာမှုကြောင့် A သွေးအုပ်စုနဲ့ လူတွေဟာ စိတ်ဖိစီးမှု ဒုက္ခကို အမြဲရင်ဆိုင်နေရပါတယ်။ ကော်ဖီက ဒီလူတွေကို ဒုက္ခမဖြစ်စေပေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ ပိုစားသုံးသင့်ပြီး တရားထိုင်၊ ရောဂကျင့်တာတွေ ပြုလုပ်သင့်ပါတယ်။ Green tea ရောစပ် စပယ်ပန်း၊ စမုန်ဖြူရောတဲ့ calendula စတာတွေကို အကြံပြုလိုက်ပါတယ်။ သွေးအုပ်စု B ဒီအုပ်စုတွေဟာ အစာချေဖျက်မှုနှေးကွေးပြီး ဖျားနားခြင်း၊ အဝလွန်ခြင်း၊ အင်အားမရှိခြင်း၊ ပင်ပန်းနွမ်းလျဖြစ်ခြင်းနဲ့ အိပ်မပျော်နိုင်ခြင်းတွေ ဖြစ်လေ့ရှိကြပါတယ်။ အကြံပြုထားတဲ့ ရေနွေးကြမ်းတွေက ခေါင်ရန်းရောထားသော green tea နဲ့ နှင်းဆီရိုင်းအသီး တွေဖြစ်ပါတယ်။ သွေးအုပ်စု AB AB သွေးအုပ်စုနဲ့ လူတွေမှာ ဝမ်းတွင်း အသိရှိတဲ့ အစဉ်အလာရှိပြီး စိတ်ဖိစီးမှုဖြစ်လေ့ မရှိဘဲ ကာမရာဂ စိတ်ဆန္ဒအားနည်းပါတယ်။ အကြံပြုရေနွေးကြမ်းတွေက ပူစီနံ၊ ဘယ်ရီသီးနဲ့ ဂရင်းတီး တွေပဲဖြစ်ပါတယ်။



+TrendMyanmar+


No comments:

Post a Comment