Tuesday, February 23, 2016

=အရွယ်လွန် တိမ်များ ၊ အိမ်ပြန်ချိန်=



လောကထဲ အပူ မသေးတဲ့ အတိတ် ခရီးမှာ ပြောပြချင်တဲ့ လူက ဝေးလည်း ၊ စိတ်က နီးစဲ ဒေါသများ အမြစ်တွဲခဲ့ အများသုံး နေ့ ရက်များ ဖယ်ခွာ သောကများ ရစ်တွယ်ခဲ့ စကားလုံး အပွေ့ အဖက်များ အလယ်မှာ မောဟမပါတဲ့ အိမ်မက်တွေ ရှင်သန်ဖို့  ရည်ရွယ်ကာ စောရ နက္ခတ်မဲ့ ရက်ရာဇာကို ဘက်ထရီလို အားသွင်းထားရတယ်..။ အမှောင်များ ချည်နှောင်ခဲ့ ကောင်းကင်မှာ ပြိုင်တူ ထွန်းလင်းကာ အလင်းတံခါး ခေါက်တဲ့ လက်များ ရက်ရက် ရောရော ပေးဆပ်ခြင်းများနဲ့ အလင်းနှစ်မှာ နက်နက် နဲနဲ ကြယ်စင်များ ခါးထောက် ကိုယ်ရောင်ဖျောက် မျက်လုံး မှိတ်ပြီး ဘယ်သူတွေ နောက်ကျောကို ဓားပေါက်လေ့ကျင့် နေလဲ..။ ရင်ခုန်သံနဲ့ အနီးကပ် ကြည်နူး နှစ်သိမ့်ရအောင် ပြန်ဆုံရန် ခြေလှမ်းပြင်နေတဲ့ အိမ်အလွမ်းများ အလံလုပွဲမပြီး ၊ မီးမငြိမ်းသေးသမို့  အသံတုတွေနဲ့ ထိမ်းမနိုင် သိမ်းမရ ညများရှိခဲ့တယ်..။ ဘ၀ဆိုတဲ့ ကြိုးတန်း လမ်းလျှောက်ခြင်း အဖြစ်အပျက်များ တခဏဆိုတဲ့ စွဲလမ်း လမ်းပျောက်ရင်း ထွက်သက် ၀င်သက်များ သင်္ခါရဆိုတာကို မေ့ပျောက်ရင်း ၊ နေ့ ရက်များထဲ ရှင်သန် သွန်လို သွန် ၊ မှောက်လို မှောက် ရေတခွက်လို ... လှန်လိုလှန် ၊ မှောက်လိုမှောက် ဖဲတချပ်လို.... မျက်စိတမှိတ် လျှပ်တပြက် အိပ်မက်တွေနဲ့ အိပ်ရေးပျက်တဲ့ ကောင်းကင်..။ ကံကြမ္မာရဲ့ မျက်နှာမှာ နေလောင်ထားတဲ့ ဒဏ်ရာနဲ့  နေ့ ရက်တွေ ဦးခေါင်းထက် ၊ အတွေ့ အကြုံ ဆံပင်ဖြူများ ထိုးထောင်ထွက် လမ်းတွေ့ ရင် လက်ယမ်း နှုတ်မဆက်ဖို့  ချမ်းမြေ့ ပါစေလို့ ယမ်းငွေ့ များကို အမှာစကားပြောကြားရင်း အနာဂတ် ဘ၀ပင်လယ် ၊ အချိန်တန် လေငြိမ် လှိုင်းမထန်မှ အရွယ်လွန် တိမ်များ ၊ အိမ်ပြန်ချိန် နီးကပ်မယ်..။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


+အောင်ခိုင်မြင့်+

၂၂ ဖေဖော်ဝါရီ ၂၀၁၆

No comments:

Post a Comment