**Public Health**
သံလိုက် လက်ပတ်ကြိုး သံလိုက်ကုထုံးက ထူးခြားသော ကုသနည်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းကို ဟိုးရှေးယခင်ကတည်းက ကျင့်သုံးခဲ့ ပါတယ်။ အီဂျစ်အထက်တန်းမျိုးနွယ်တွေဟာ သံလိုက်နားကွင်းများ၊ လည်ဆွဲများနဲ့ ဦးခေါင်းအဆင်တန်ဆာများကို သူတို့ ငယ်ရွယ်နုပျိုမှုနဲ့ အလှအပကို ထိန်းသိမ်းဖို့ ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ အစောပိုင်း အာဖရိကန်မျိုးနွယ်စုတစ်စုက သံလိုက်သတ္တုရိုင်းတွေကို အစားအသောက်ချက်ပြုတ်ရာမှာ အနံ့အသက် ပိုမိုကောင်းမွန်စေဖို့ အသုံးပြုကြတယ်လို့ မှတ်သားရပါတယ်။ သံလိုက်စက်ကွင်းများက အစားအစာတချို့တို့ရဲ့ အနံ့အရသာကို တကယ် ပြောင်းလဲပေးနိုင်ကြောင်း မကြာသေးမီလေ့လာမှုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ အသုံးချမှုများနဲ့ ပတ်သက်ရင် သံလိုက်ကုထုံးမှာ ရူပဗေဒပညာရှင်များ၊ သမားတော်များ၊ ကျောရိုးနဲ့ အဆစ်အမြစ်ကို လက်ဖြင့် အနေအထားပြုပြင်သူများ နဲ့ တခြား အနာငြိမ်းအောင် ကုသပေးသူများထံမှ ခိုင်လုံတဲ့ သိပ္ပံနည်းကျအထောက်အထားတွေ ရှိပါတယ်။ သူတို့တွေဟာ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်း အကြောင်း လေ့လာရာမှာ ဘဝတစ်ခုလုံး မြုပ်နှံခဲ့သူတွေ ဖြစ်ပါတယ်။ အရှေ့ကမ္ဘာမှာ သံလိုက်ကုထုံးကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၂၀၀၀ ကျော် ကျင့်သုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်ကို ရှေးအကျဆုံး ဆေးပညာစာအုပ်ဖြစ်တဲ့ Chinese Yellow Emperor’s Book of Internal Medicine မှာ မှတ်တမ်း တင်ထားပါတယ်။ ယင်းစာအုပ်ထဲမှာ ကိုယ်အောက်ပိုင်းသေခြင်း၊ အဆစ်ရောင်ရောဂါတွေ ကုသဖို့ အပ်စိုက်ကုသရာတွေမှာ သံလိုက်ထားပေးခြင်းအကြောင်း ဖော်ပြခဲ့ပါတယ်။ အနောက်ကမ္ဘာမှာ သံလိုက်ဓာတ်ရဲ့ အနာငြိမ်းစေခြင်း အကျိုးကျေးဇူးများနဲ့ ပတ်သက်ပြီး Aristotle က ဘီစီ ၃၀၀ မှာ ရေးသားခဲ့ပါတယ်။ ဂရိ သမားတော် Pliny လည်း မျက်စိရောဂါတွေ ကုသခြင်းအတွက် သံလိုက် အသုံးပြုခြင်းအကြောင်း အေဒီ ၁၀၀ မှာ ရေးသားခဲ့ပါတယ်။ ၁၆၀၀ ခုနှစ်မှာ ဘုရင်မ Elizabeth ရဲ့ သမားတော်နဲ့ သိပ္ပံပညာရှင် William Gilbert က သံလိုက်ကုထုံးနဲ့ ပတ်သက်လို့ အသေးစိတ်ရှင်းလင်းတင်ပြထားတဲ့ စာအုပ်ကြီးတစ်ခု ရေးသားပြုစုခဲ့ပါတယ်။ ယင်းစာအုပ်က သံလိုက်အကြောင်း စိတ်ဝင်စားမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါတယ်။
အခုမျက်မှောက်ကာလမှာ သံလိုက်ဖြင့်ကုသမှုများကို ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။ ဂျပန်လူမျိုးများက သံလိုက်ဓာတ်ရဲ့အကျိုးသက်ရောက်မှုများကို အကျယ်တဝင့် လေ့လာမှုတွေ ပြုလုပ်နေကြပြီး ဆွဲကြိုးနဲ့ လက်ကောက်ဝတ်များအပါအဝင် ကုန်ပစ္စည်းများစွာကို ဈေးကွက်တင် ရောင်းချလျက်ရှိပါတယ်။ ယခုလက်ရှိအချိန်မှာ အနည်းငယ်ဖျားနာခြင်းအတွက် သံလိုက်ကုထုံးကို အသုံးပြု နေကြပါတယ်။ ကုသနိုင်တဲ့ ရောဂါများမှာတော့ပြင်းထန်သော ထိခိုက်ဒဏ်ရာများ၊ နာတာရှည်၊ စိုးရိမ်ကြောင့်ကြမှု၊ အဆစ်ရောင်ရောဂါ၊ ပန်းနာ ၊ မျက်ရိုးကိုက်ရောဂါ ၊ဆီးချိုရောဂါ ၊ခေါင်းကိုက်ဝေဒနာ ၊သွေးပေါင်တက်ခြင်း ၊ နှာပိတ်ခြင်း စတာတွေ သက်သာပျောက် ကင်းစေ ပါတယ်။
Ref:1mhealthtips

No comments:
Post a Comment