တံခါးကိုခေါက်ကြည့်လိုက်တော့
အကြည့်တွေအားလုံး မှောင်ကျသွားတယ်
တိတ်တိတ်ကလေးလှည့်ထွက်ခဲ့လိုက်တော့
နောက်က ခြေသံတရှပ်ရှပ်နဲ့ .
.
ဖြူဖြူစင်စင် လမ်းလေးအတိုင်း မလျှောက်နိုင်သူတွေကတော့
ကြုံသလိုပျံသန်းသွားကြ
ဗီဇ ဆိုတာက ဖျောက်လိုက်လို့ မရပေမယ့်
ခဏတော့ ဖုံးထားလို့ ရတဲ့အရာ …
မကြာခဏ ဖူးပွင့်နိုင်တယ် ဆိုပေမယ့်
အဲဒီသံစဉ်တွေက နှလုံးသား သိပ်ရွေးတယ် ..
မရွယ်ပဲဖြစ်သွားတဲ့ စော်ကဲမင်းတွေတော့
ကြားနာနိုင်လိမ့်မယ် မထင်ဘူး ..။ ။
+မနော်ဟရီ+

No comments:
Post a Comment