Tuesday, March 29, 2016

=လူထုကျန်းမာရေး("ခြေထောက်နာကျင်ကိုက်ခဲမှု သက်သာစေနည်း")=

+Public Health+
 သင်ဟာ တစ်နေကုန် ဒေါက်ဖိနပ်စီး၊ လက်လီရောင်းချမှု လုပ်ငန်းမှာ အလုပ်လုပ်နေတယ် ဒါမှမဟုတ် ခြေထောက်သုံးရတဲ့ အလုပ်တစ်ခုခု လုပ်နေတဲ့သူဆိုရင် ဒါသင့်အတွက် အခွင့်အရေး ဖြစ်ပါတယ်။ ခြေထောက်နာကျင် ကိုက်ခဲခြင်းက အဆိုးဆုံး ခံစားမှုတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီ နာကျင်မှုဝေဒနာ ပျောက်ကင်းစေတဲ့ နည်းလမ်းတစ်ခုက ထိုင်ချပြီး နှိပ်နယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ပျားပန်းခတ် လှုပ်ရှားမှုကြောင့် ပိုသက်သာအောင် ကြာကြာထိုင်ဖို့ အခက်အခဲ ရှိကောင်း ရှိနိုင်ပါတယ်။ ကံအားလျော်စွာနဲ့ပဲ ကိုက်ခဲနေတဲ့ ခြေထောက်ကို သက်သာစေမယ့် လွယ်ကူတဲ့ အိမ်တွင်းနည်းတစ်ခု ရှိပါတယ်။ ရေဗူးတစ်ခုလုံးသာ လိုအပ်ပါမယ်။ ရေဗူးကို ရေခဲသေတ္တာထဲ မခဲမချင်း ထားပါ။ ခဲပြီဆိုတာနဲ့ ရေဗူးကို ခြေဖဝါးအောက်မှာထား၊ အနည်းငယ် ဖိထားပြီး ရှေ့နောက် လိပ်ပေးပါ။ တစ်ဖက်ခြေထောက်ကိုလည်း ထိုနည်း၎င်း လုပ်ပေးပါ။ နှိပ်နယ်ပေးသလိုဖြစ်တဲ့ ဒီလှုပ်ရှားမှုအနဲ့အတူ ရေဗူးထဲက အအေးဓာတ်က ခြေထောက်ကို လျှော့ပေးမှာ ဖြစ်ပါတယ်။


 Ref: Shefinds 
ရောရောသမမွှေ

No comments:

Post a Comment