Wednesday, March 30, 2016

=လူထုကျန်းမာရေး("ပူပြင်းလှတဲ့နွေမှာ ခန္ဓာကိုယ်တွင်း ရေဓာတ်မခန်းစေဖို့")

+Public Health+ 

၁။ ရေများများ သောက်ပေးပါ။

လူတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ခုလိုမျိုး တရှိန်းရှိန်းနဲ့ ပူပြင်းလှတဲ့အချိန်မှာ ချွေးကလည်း ထွက်သမို့ ရေဓာတ်ကလည်း သာမန်အချိန်ထက်ပိုပြီး ဆုံးရှုံးသွားပါတယ်။ ဒီတော့ ရေများများ သောက်ပေးပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပါ။

၂။ ဒီအချိန်ကတော့ ဖရဲသီးရာသီပါပဲ။

 ဖရဲသီးထဲမှာပါဝင်တဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးအပြင် စပျစ်သီး၊ မက်မွန်သီးနဲ့ ဇီးသီးတို့ကိုလည်း စားပေးသင့်ပါတယ်။ သူတို့က အလွယ်တကူ အစာချေနိုင်အောင် ကူညီပေးတာမို့ အစာချေစနစ် အလုပ်လုပ်နေမှုကြောင့် တက်လာတဲ့ ခန္ဓာကိုယ်တွင်းအပူချိန်ကို လျှော့ချပေးပါတယ်။  

၃။ သခွားသီး စားပါ။

 နွေရာသီမှာပေါ်တဲ့ သီးနှံတွေ တော်တော်များများဟာ ရေဓာတ်တွေအများအပြား ပါဝင်ကြပါတယ်။ အဲဒီထဲကမှ အထူးစပါယ်ရှယ်ကတော့ သခွားသီးပါပဲ။ နောက်ထပ် ရွေးစားသင့်တာတွေကတော့ ခရမ်းချဉ်သီး၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေပဲပေါ့။

 ၄။ ဒီလိုရာသီမျိုးမှာ အစာချေဖို့ခက်ခဲတဲ့ အသားတွေ စားတာမျိုးကို ရှောင်သင့်ပါတယ်။ ဒီတော့ ငါးလိုမျိုး ပေါ့ပေါ့ပါးပါး အစားအစာတွေကို စားပါ။

 ၅။ ကာဖိန်းနဲ့ အရက်သေစာ ရှောင်ပါ။

 ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်တို့ သောက်ရင် ဆီးရွှင်စေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က အရည်ဓာတ်ကလည်း ဆုံးရှုံးတာမို့ ခန္ဓာကိုယ်ဟာ ပူနွေးလာနိုင်ပါတယ်။ သိပ်သောက်ချင်တယ် ဆိုရင်တောင်မှ ရေများများ ပြန်သောက်ဖို့ အထူးမမေ့ပါနဲ့။


 ရေးသားသူ mg soe(ရောရောသမမွှေ)

No comments:

Post a Comment