အိမ်မက်ကို
အိပ်မက်နဲ့မျှားနေခဲ့ရင်း
အိမ်မက်ဟာ
အိပ်မက်နဲ့
နံရံတဖက်ခြားသွားခဲ့တယ်…
အိမ်မက်ကို အိပ်မက်ထဲမှာ
နဖူးတွေ့ ဒူးတွေ့ မတွေ့နိုင်တဲ့အခါ
အိမ်မက်ဟာ
ငါတို့ကမ္ဘာနဲ့
တဖြေးဖြေးဝေး
သွေးအေးလာခဲ့ပေါ့…
အချစ်ရေ
နင့်ကေသာဦးမှာ ပန်ပေးဖို့ရာအတွက်
ဟောဒီ မြေကမ္ဘာမှာ
ရေရာသေချာတဲ့ အိပ်မက်တပွင့်ဖူးပွင့်လိမ့်ဦးမယ်…
တနေ့နေ့မှာတော့…
ဘုရားတဆူ ပွင့်သလိုမျိုး…။
+ ဆောင်းယွန်းလ+

No comments:
Post a Comment