Friday, March 11, 2016

**ဂီတ**

လမ်းဘေးမှာ
 အေးအေးဆေးဆေးအိပ်နေတဲ့ခွေး
 ရုတ်တရက်ကြီး ကားဖြတ်နင်းခံရ
 ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ ဘယ်လိုအော်ရမှန်းမသိ
 သူ့အသက်ရှူ ရေငင်ပုံးကလေး
 ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။



+မောင်ချောနွယ်+

No comments:

Post a Comment