Saturday, March 19, 2016
❆ အိမ်​ရှင်​ အိမ်​ငှါး ❆
တွေးရခက်​​နေလား
စကား​​လေးတစ်​ခွန်းတော့ ခွင့်​ပြုပါ
အမှား​လေးစွန်း​​တော့ ခွင့်​လွှတ်​ပါ။
အချိန်​​တော်​တော်​များများ
 ကိုယ်​မတင်​ထားဘဲ
အိမ်​​ပေါ်လာသွား
အတင်းတက်​ငှါး​နေခဲ့ပြီ....။
  အိမ်​​ပေါ်ရှိသမျှ 
ကိုယ့်​အိမ်​အလှ
 နှစ်​သာရ​တွေလည်း
 ပွင့်​ဖြူ ရေထဲမြုပ်​ပြီးစ လို
 အရုပ်​ဆိုးအကျည်းတန်​...။
 အိမ်​ရဲ့ခြံထွက် 
ပန်းမာလ်​သီးနှံ သီးဝလံများ 
ကိုယ်​​တော်​​ချောတို့စားသုံး
 ပြုတ်​ပြုတ်​ပြုန်းခဲ့ပြီ 
အပင်​​တွေ​တောင်​တုန်းလို့.........။
မြေဆီသြဇာ 
မသုံးတတ်​တာနဲ့ 
 ဖြုန်းပလိုက်​တာ​တော်​​တော်​များ 
မီးနဲ့ တင်​ရှို့  ထားသလို.....
သက်​တမ်းစေ့လို့ 
ဆင်း​ပေးဖို့ ဆို​တော့လည်း
 ဟို​နေ့​ရွှေ့ ....ဒီ​နေ့​ရွှေ့  
ခေါင်းက ထွက်​ပဲထွက်​နိုင်​တယ်​ ။ 
 ​တွေးရ​တော့မည်
 ဒီတစ်​ခါ​ရွေးချယ်
 အပိုပေးမယ်​ဆိုဆို.... 
ချင့်​ချင့်​ချိန်​ချိန်​နဲ့ 
ချသင့်​တဲ့အိမ်​ငှါး​ဆိုတာ
နေတဲ့အိမ်​လည်း...ရှည်​ကြာ​စေ
 ဒီလိုသာ ​ပြုမူကျင့်​...
. ရှဉ့်​လည်း​လျှောက်​သာ ပျားလည်းစွဲသာ...။
 ကဲ........... ​တွေးကြည့်​ပါစို့...
 တစ်​ဖို့တည်းပါ
 အများမျက်နှာမကြည့် 
တအားအရှက်ပါမရှိ
 ရှိသမျှ ဖျက်​ခွာစား 
မတရား​ပေကပ်​နေမယ့်သူ.....
 မကြည်​သာရင်ချန်​ထားခဲ့ 
အသာအယာပြန်​သွားမယ့်သူ..... 
ဘယ်လိုအိမ်ငှါး 
ကိုယ့်အိမ်ပေါ်တင်ထားမလဲ 
 စဉ်းစားကြရုံ.......။ 
/////////////////////////////////////////////////// 
+အိန်​ခက်​မျိုး+
No comments:
Post a Comment