Friday, March 25, 2016

=လူထုကျန်းမာရေး (နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး -၆ချက်)=


+Public Health+

 ၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်။

နံနက်ခင်းမှာ ရေအေးနဲ့ချိုးတာထက် ရေနွေးနဲ့ချိုးတာကို ပိုမိုပြီး သွေးလည်ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်းသန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းဟာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

 ၂။ ပေါ့ပါး လွတ်လပ်စေတယ်။

 အိပ်ယာနိုးတဲ့အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။  

၃။ ဖိစီးမူတွေကို သက်သာစေပါတယ်။

 နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သေပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာအထောက်အကူ ပြုစေမှာပါ။

 ၄။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်။

 နံနက်ခင်းမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီးသန်မာစေပါတယ်။

 ၅။ အမျိုးသားတွေအတွက် အထူးပင်ကောင်းမွန်ပါတယ်။ ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာတစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုပ်ပိုများကို ပိုမိုပြီးဖွံ့ဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

 ၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်။ ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင်မကျွတ်ခြင်းအတွက် အထူးပင်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သားမကောင်းခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ်တားဆီးပေးပါတယ်။


 credit: GROHE

No comments:

Post a Comment