Friday, March 11, 2016

=လူထုကျန်းမာရေး(အစာအိမ်သမားများ စိတ်မညစ်ရတော့ပါ)=

**Public Health**
 -ဆေးနည်း-
 ၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား
၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား
၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍
၎။ပျားရည်စစ်စစ် (၂၀)ကျပ်သား
၅။ရှောက်ရည် (၂၀)ကျပ်သားတို့နှင့် သမအောင်နာနာမွှေပေးပြီး အလုံးသေးသေးများလုံးထားရမည်။ အရိပ်အောက်မှာ အခြောက်ခံပါ။ တစ်နေ့သုံးလုံးသုံးကြိမ်၊ အစာမစားမှီကြိုတင်စားပါ။ ဆေးစားပြီးတစ်ပတ်အတွင်း အစာအိမ်ရောဂါ နှင့် ဗိုက်နာဗိုက်အောင့် ၊ အကြောတက်ဝေဒနာများပါ သိသိသာသာထူးခြား၍ သက်သာပျောက်ကင်းစေပါသည်။ အစာအိမ်ဝေဒနာရှင်သည်ဆီးမှန်ဝမ်းမှန်သွေးလေမှန်လာသည့်အတွက်နာကျင်ခံခက်သော အစာအိမ်ရောဂါ အတွက်နှင့်စိတ်မဆင်းရဲစေရတော့ပါ။ မိရိုးဖလာဆေးနည်းဖြစ်၍ ယုံယုံကြည်ကြည်သုံးစွဲနိုင်ပါ ကြောင်းသတင်းကောင်းမျှဝေ၍ ဆေးဒါနအလှူတော်ကြီးပြုလိုက်ပါသည်။ 


သတ္တဝါအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။ လူတိုင်းသက်တမ်းစေ့နေနိုင်ကြပါစေ။


 +မြ၀တီ+

No comments:

Post a Comment