Wednesday, March 2, 2016

"လူတွေ ညာတတ်ပေမဲ့ သမိုင်းဟာ ညာလို့ မရဘူး၊ လူတွေမေ့တတ်ပေမဲ့ သမိုင်းဟာ မမေ့တတ်ဘူး"

မနေ့တုန်းက အဖြူရောင်နှင်းဆီပင်ရဲ့ မြရွက်စိမ်းတွေကြား
 အနီရောင်နှင်းဆီများ ပွင့်ဖူးသွားချိန် လောကဟာ
 မှောင်အတိကျတယ်
 တချို့လူတွေက အလင်းအတွက် ဖယောင်းတိုင်မီး ထွန်းငြိကြ
 တချို့က မှုတ်ငြိမ်းကြ ဒီကနေ့
ကျွန်တော့်ကန်ထဲက ရွှေငါးကလေး သေသွားတယ်
မှောင်အတိကျနေတဲ့ ကောင်းကင်ဟာ 
 သည်းကြီးမည်းကြီး ငိုကြွေးလို့
 ကောင်းတုန်းမှာ အောင်နိုင်သူဆိုကာ
သူတို့ လက်ခမောင်းခတ် ပျော်ပွဲနွှဲနေခဲ့ကြ
 သူတို့ ဂုဏ်သိက္ခာဟာ အလင်းမဲ့ မှေးမှိန်သေဆုံးသွားကြတာ
 သူတို့ဘာသာ မသိလိုက်ခဲ့ကြဘူး ရှက်ဖွယ်...။

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 +မိုးကုတ်သား+ 

(၁၀ရက်နေ့ နံနက်ခင်း ၁၀နာရီ ၁၀မိနစ် မတ်လ ၂၀၁၅ အမှတ်တရ)

No comments:

Post a Comment