Tuesday, March 29, 2016

=ဟာဒယနှလုံး-တခဏပြုံး("မိန်းမတွေကို ငတုံးမှတ်လို့")=

ခင်ပွန်းသည် “အချစ်ရေ .. သူဌေးက ကိုယ့်ကို သူ့နဲ့ တစ်ပတ်လောက် တရုတ်ပြည်လိုက်ပြီး ငါးလိုက်မျှားဖို့ ခေါ်နေတယ်ကွာ။ “ရာထူးတက်ဖို့အတွက် ဒါဟာ အခွင့်ကောင်းတစ်ခုပဲကွ။ ဒါကြောင့် ကိုယ့်အတွက် တစ်ပတ်စာ အ၀တ်အစားတွေ ပြင်ပေးပါလား။ ငါးမျှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူ့သေတ္တာထဲ ထည့် ပေးထားဦးနော်။ “ကိုယ်တို့ ရုံးကနေပဲ တန်းသွားကြမှာ။ ကိုယ့်အတွက် ပြင်ပေးထားတဲ့ပစ္စည်း တွေကို သွားရင်းနဲ့ ၀င်ယူမယ်။ ဪ .. ဒါနဲ့ မိန်းမရေ ..ကိုယ့်ရဲ့ အပြာရောင်ပိုးသားညအိပ်ဝတ်စုံအသစ်လေးလည်း ထည့်ပေးလိုက်နော်” 

ဇနီးသည်ဟာ သူ့ခင်ပွန်းသည် အမူအရာနဲ့ ပြောဆိုနေတာတွေကို သင်္ကာမကင်းဖြစ်ပေမယ့် အိမ်ရှင်မကောင်းဖြစ်တာကြောင့် ယောကျာ်းလုပ်သူပြောတဲ့အတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။
 နောက်တစ်ပတ်အကြာမှာ အမျိုးသား အိမ်ပြန်ရောက်လာပါတယ်။ သူ့ပုံစံ က အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမယ့် နုပျိုကြည့်ကောင်းနေပါတယ်။ အမျိုးသမီးဟာ ခရီးကပြန်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုပြီး ငါးတွေအများကြီး ဖမ်းမိခဲ့လားလို့ မေးလိုက်ပါတယ်။ 
အမျိုးသားက “ဖမ်းမိတာပေါ့ … မိန်းမရဲ့။ ဆော်မွန်ငါးတွေဆို အများကြီးရတယ်။ ဓားရှည်နှုတ်သီး ငါးတွေလည်း ရတယ်။ ဒါပေမဲ့ မင်း ..ငါ့ရဲ့ည၀တ် အင်္ကျီ ဘာဖြစ်လို့ ထည့်မပေးလိုက်တာ လဲကွ”လို့ ပြောလိုက်ပါတယ်။ အမျိုးသမီးက “ကျွန်မထည့်ပေးလိုက်ပါတယ်။ ငါးဖမ်းပစ္စည်းတွေထည့်တဲ့ သေတ္တာထဲမှာလေ”တဲ့။



Credit : Myanmar Times 
+ရောရောသမမွှေ+

No comments:

Post a Comment