Wednesday, March 16, 2016

=ကားတိုက်ခံရပြီးသေဆုံးသွားသောမြန်မာရွှေ့ ပြောင်းအလုပ်သမား ၅ယောက်အတွက် နစ်နာကြေးရရှိရန်ထိုင်းရှေ့ နေဥပဒေအထောက်အကူပြု ရုံးစတင်ကွင်းဆင်းကြားနာပြီ=

ထိုင်း-မြန်မာနယ်စပ်မဲဆောက်တာ့ခ်နှစ်မြို့ နယ်ကြားမှာ အခုမတ်လ၁၂ရက်နေ့ ညနေပိုင်းက သူတို့ စီးလာသောကားကိုအခြားကားတစ်စီးကတိုက်သဖြင့် တိမ်းမှောက်ကာသေဆုံးသွားခဲ့ကြသောမြန်မာရွှေ့ ပြောင်းအလုပ်သမား ၅ယောက်အတွက်နစ်နာကြေးရရှိရန်ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြုရုံး(LLC)ကစတင်ကွင်းဆင်းကြားနာပြီဖြစ်သည်။
သူတို့ ၅ယောက်သည်မဲဆောက်မြို့ အနီးရှိတာ့ခ်မြို့ နယ်နယ်မြေအတွင်းရှိ ဖားဝေါကျေးရွာအနီးတွင်သေဆုံးသွားကြခြင်းဖြစ်ပြီး မတ်လ၁၅ရက်နေ့ ကမဲဆောက်မြို့ နောင်ဘွားကျေးရွာသုသာန် တွင်မီးရှီု့ သဂြိုလ်ခဲ့ကြသည်။သို့ ဖြစ်လေရာလိုအပ်သော ထိုင်းဥပဒေပါနစ်နာကြေးများကိုကျန်ရစ်သူမိသားစုဝင်တို့ က ခံစားခွင့်ရရှိစေရန်ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြုရုံး(LLC)နှင့်ယင်း၏ကွန်ရက်အဖွဲ့ ဖြစ်သော မြန်မာပြည်သားများအရေးပူးတွဲ
လှုပ်ရှားမှုကော်မတီ(JACBA)တို့ က ယနေ့ ကွင်းဆင်းကြားနာခဲ့ကြသည်။ 

သူတို့ ၅ယောက်မှာမမေသဇင် အသက် ၂၇ (ပဲခူး) ၊မသဲပွင့်ဖြူ အသက် ၃၀ (မွန်ပြည်နယ်-မရမ်းကုန်းကျေးရွာ) ၊မရီမွန် အသက် ၃၀ (ပဲခူး)၊မောင်သိန်းထိုက်အောင် အသက် ၃၃ (ပဲခူး) ၊မမြစန္ဒာ အသက် ၄၀ (သိမ်ဇရပ်) တို့ ဖြစ်သည်။ယင်းတို့ အထဲတွင်မှ သိန်းထိုက်အောင်နှင့်မသဲပွင့်ဖြူတို့ တွင်တစ်ဦးတည်းသောသားလေး စန်းပွင့်အောင်(၇နှစ်-ဒုတိယတန်း)မှာမိခင်ရော၊ဖခင်ပါတပြိုင်နက် တိမ်းပါးသွားသဖြင့်အဖွားဖြစ်သူကထိန်းကျောင်းထားရသော အခြေအနေနှင့်ကြုံတွေ့ နေရတာစိတ်မကောင်းဘွယ်ဖြစ်သည်။ 


Photo-(အဖေ-သိန်းထိုက်အောင်ရော၊အမေ-သဲပွင့်ဖြူပါ သေဆုံးသွားသဖြင့်အဖွားဖြစ်သူနှင့်ကျန်ခဲ့သော ၇နှစ်သား၂တန်းကျောင်းသားလေး-စန်းပွင့်အောင် ကိုဘာမှမသိသောပုံစံနဲ့ တွေ့ ရပုံ)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

+သောင်ရင်းနဂါး+

No comments:

Post a Comment