Friday, April 8, 2016

**ဘဝ**

ကောင်းကင်ယံထက်
 ရပ်မကြည့်အား
ကံ့ကော်ရွက်တွေ
မရေတွက်အား
ရွက်ပုန်းပန်းပွင့် ဝင့်မကြည့်အား။

ပင်ခြေ မြေထက်
 ကြွေရွက် ခြောက်နွမ်း
 တံမြက်ရမ်းလှဲ
စုသိမ်းဆည်းကာ
 ဘဝထဲမှာ ကျင်လည်နေ။

***

+မေဓာဝီ+

No comments:

Post a Comment