+Public Health+
နေ့လည်ခင်း တရေးအိပ်ခြင်းက စိတ်အား၊လူအားကို အင်အားပြန်လည်ဖြစ်စေနိုင်တဲ့ အထိရောက်ဆုံးနည်းဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို လျှော့နည်းစေပြီး အသိစိတ်ဖြင့် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီး စွမ်းဆောင်ရည် တိုးတက်စေပါတယ်။ ဒါပေမဲ့ ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်ဖို့အတွက် တရေးအိပ်သင့်တဲ့ အချိန်တွေရှိပါတယ်။
အမေရိကန်နိုင်ငံ အချို့မှာ တရေးအိပ်ခြင်းက ပျင်းရိတဲ့သူတွေ၊ရည်မှန်းချက်မရှိတဲ့သူတွေနဲ့ အသက်အရွယ်အိုမင်းသူတွေသာ အိပ်ကြတယ်လို့ ယူဆကြခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ တရေးအိပ်စက်ခြင်းက မိမိကိုယ်ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး အရာဖြစ်ပါတယ်လို့ သတ်မှတ်လာကြပါတယ်။ နေ့လည်တရေးအိပ်ဖို့ အကောင်းဆုံး အချိန်က နေ့လည် ၁ နာရီက ၃ နာရီ အတွင်းဖြစ်ပါတယ်။
တရေးအိပ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတွေကတော့-
(၁)ပင်ပန်းနွမ်းနယ်မှုကို လျှော့နည်းစေခြင်း
(၂)စိတ်ခံစားမှု ပိုကောင်းစေခြင်း
(၃)စိတ်သက်သာရာရခြင်း
(၄)စွမ်းဆောင်ရည် ပိုမိုတိုးတက်စေခြင်း
(၅)အကြောင်းအရာတစ်ခုကို လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း
(၆)မှတ်ဥာဏ်ပိုမိုကောင်းမွန်စေခြင်း
(၇)နိုးကြားမှုတိုးတက်စေခြင်း တို့ပဲ ဖြစ်ပါတယ်။
သုတေသီတွေရဲ့အဆိုအရ တစ်ခါအိပ်ရင် မိနစ် ၃၀နဲ့ တစ်ပတ်ကို ၃ ကြိမ်ခန့် နေ့လည်ခင်းတရေးအိပ်တဲ့သူတွေက မအိပ်တဲ့သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၇% လျှော့နည်းပြီး စိတ်ဖိစီးမှုလည်း ကင်းဝေးစေတယ်လို့ ဆိုပါတယ်။
Ref:-timesofeducation
Trend Myanmar

No comments:
Post a Comment