တရှိုက် ရှိုက်တုန်
လှိုက်လှိုက်ခုန်လို့
ခိုက်ဟုန်ဒေါသ
မာန်မာနများ
ငါ့အားတွန်းကန်
စိတ်တွင်းရန်ကို
ဖန်ဖန် ဖန်တီး
ရိုက်သံဟီးထင်
ပဲ့တင်ထပ်ထပ်
ကြောင်း မရပ်
နောက်ထပ် တွန်းပို့နေသည်ကိုး..။
အဆုံးမဲ့ကင်း
သိခြင်းတွင်းတိမ်
ဥာဏ်ရောင်မှိန်လို့
ထိန်ထိန်တောက်ငြီး
ထို မီးကျည်းကား
မှားမှား မှန် မှန်
ငါ့ကိုပြန်သည်
ယုံကြည်သတိ
ငါ့ မရှိ စဉ်
တိုးဝင် ထိုးဖောက်
စိတ်ကို ရောက်
နှလုံး နောက်ကျိစသည်ကိုး။
ရှောင်လည်းမသာ
စိတ်ဒဏ်ရာက
ပမာ ရွယ်လေး
ရွေး နှယ်သေးလည်း
ခ
က်ခဲ ပယ်ဖျောက်
မထိရောက်နိုင်
ခိုင်ခိုင်စွဲထင်
ငါ့ ကိုငင်လျက်
ထိုအမျက်တော
လှိုက်လှိုက်မောသည်
ဒေါသ လောင်မီး ကျွမ်းပြီကိုး.။
+မမ၀သုန်+

No comments:
Post a Comment