Sunday, July 16, 2017

=လူထုကျန်းမာရေး(မိမိရဲ့မှတ်ဥာဏ်စွမ်းအားလျှော့ ကျမှုကြောင့်အလုပ်ကိုထိခိုက်နေပြီလား)=

+Public Health+ 
ကိုယ့်ရဲ့မှတ်နိုင်စွမ်းအားလျှော့ ကျခြင်းကြောင့် လုပ်ငန်းခွင်ထဲတွင် ထိခိုက်မှုများ
ရှိလာလျှင် မှတ်ဥာဏ်စွမ်းအားများ တိုးတက်လာစေရန် ကုသမှုများပြုလုပ်သင့်ပါသလား။
တစ်ခါတစ်ရံ လူအချို့သည် မိမိတိုအသုံးအဆာင်ပစ္စည်းများ ဘယ်နေရာတွင်ထားမိ
သည်ကိုပါ ပြန်လည်စဉ်းစား မရသည့်အချိန်များလည်းရှိခဲ့ဖူးကြမည်။
ထို့ပြင်မိမိပြောဆိုလိုက်သော အကြောင်းအရာများကိုပါ တစ်ခဏတာ
 မေ့လျှော့ သည့်များရှိကြသည်။ ထိုသို့ဖြစ်ပျက်မှုများသည် နေ့စဉ်လူနေမှုဘ၀ ကို
များစွာ စိတ်အနှောက်အယှက်ပေးနိုင်သည်။ အလားတူပင် မိမိတို့၏ အရေးကြီးသော
 အလုပ်ကိစ္စများ တွင်လည်းဆုံးရှုံးနစ်နာမှုများ လည်းရှိလာနိုင်ပေလိမ့်မည်။

 အောက်ပါအချက်အလက်များကို ဆက်လက်ဖတ်ရူ့ကြည့်ပါ။

1.မှတ်ဥာဏ်စွမ်းအားလျှော့ ကျလာခြင်းသည် ကျန်းမာရေးပြဿနာများနှင့်လည်း
များစွာဆက်စက်မှုရှိသည်။ဥပမာ-အိပ်ပျော်စဉ်အသက်ရှုကျပ်ခြင်း၊ဟောက်ခြင်းနှင့်
 အခြားသော ရောဂါများကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့်ကျန်းမာရေးကောင်းမွန်အောင် ပြုမူနေထိုင်ရန်အလွန် အရေးကြီးသည်။

  2.မိမိမှတ်သားသည့်နည်းစနစ်များကိုပြောင်းလဲပြုပြင်ပါ။ မိမိမှတ်သားထားသည့်လမ်းများ၊လူများကိုကိုယ်ရဲ့ဘေးပတ်ဝန်းကျင်တွင်ရှိသော
အရာများနှင့်ပူးတွဲ မှတ်သား ကြည့်ပါ။ 

 3.ထို့ပြင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် 
မှတ်ဥာဏ်စွမ်းအားများ တိုးတက်လာနိုင်စေသည့်အပြင် ထိုးထွင်းသိမြင် နိုင်စွမ်းများလည်း တိုးတက်လာပေလိမ့်မည်။ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင်ဦးနှောက်အတွက်
အထောက်အကူ ပြုနိုင်သည့်အပြင် သွေးလည်ပတ်မှုလည်းကောင်းမွန်လာစေပါသည်။ 

4.ယနေ့ခေတ်တွင်လူအားလုံးသည် တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှား နေရသည့်
အတွက် စိတ်ဖိဆီးမှု အနည်းနဲ့အများ ရှိကြလိမ့်မည်။ သို့သော်ထို စိတ်ဖိဆီးမှုများသည် ဦးနှောက်ဆဲလ်များကို ပျက်စီးနိုင်ပြီး မှတ်ဥာဏ်ကိုများစွာထိခိုင်စေသည်။ထို့ကြောင့် အရေးမပါသည့်အရာများအတွက် စိတ်ဖိဆီးမှုများ မရှိအောင်ပြုမူနေထိုင်သင့်သည်။ 

5.လူတစ်ဦးနှင်တစ်ဦးမှတ်ဥာဏ်ကောင်းပုံချင်းတူညီမှုမရှိနိုင်ပါ။
သို့သော်အသက်အရွယ်ကြီးရင့်သော်လည်းမှတ်ဥာဏ်ကောင်းသူများလည်းရှိပါသည်။
 ယခုအချိန်ဟာ သင်ရဲ့မှတ်ဥာဏ်ကို ဦးစားပေးစတင်ချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ထို့ကြောင့်မှတ်ဥာဏ်စွမ်းအားကောင်းမွန်ခြင်းသည် 
မိမိကိုယ်ကိုယုံကြည်မှု ရှိစေသည့်အပြင် လုပ်ငန်းခွင်အတွင်း အကောင်းမြင်စိတ်များပိုမိုထား ရှိနိုင်မည်ဖြစ်သည်။ 

Credit : Myanmaradvertisingdirectory 
 Inc.Southeast Asia 

လွင်ပြင်

No comments:

Post a Comment