+Public Health+
ပလတ်စတစ် တွင် တွေ့ရလေ့ရှိသော ဓာတုပစ္စည်း အချို့ကို ဆီး တွင်
ပမာဏမြင့်မားစွာတွေ့ရှိပါက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အမျိုးအစား
၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့ ဖြစ်ပွားနိုင်ကြောင်း သြစတြေးလျ
သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
ကျွန်တော် တို့ပတ်ဝန်းကျင်တွင
နရာတကာ၌ တွေ့မြင်နေရသော၊ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသော
ပလတ်စတစ်ပစ္စည်းများကို ဓာတုပစ္စည်းများစွာမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး
၊ သတ္တုများနှင့် အခြားဈေးကြီးသောပစ္စည်းများနေရာတွင် အစားထိုးအသုံးပြုမှု
ပိုများလာသည်။
ပလတ်စတစ် တွင် မကြာခဏဆိုသလိုတွေ့ရလေ့ရှိသော
ဓာတုပစ္စည်း အုပ်စုတစ်ခုသည် phthalates ဟုခေါ်ပြီး ပလတ်စတစ်ကို ကြည်လင်အောင်၊
ပျော့ပျောင်းအောင်၊ တာရှည်ခံအောင် ပြု လုပ်ပေးသည်။
ယင်း ဓာတုပစ္စည်း အုပ်စုကို
အစားအစာထုပ်ပိုးရာ၌ ဆေး ဝါးများ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာ
ကိရိယာများ တွင် အသုံးပြုမှုပိုများသည်။
ယင်း ဓာတုပစ္စည်း အုပ်စုကြောင့် ပြင်းထန်သော ရောဂါများဖြစ်ပွားကြောင်း တိကျသော အထောက်အထားမရှိဘဲ တန်ချိန်သန်းနှင့်ချီသော ဓာတုပစ္စည်းများကို ကမ္ဘာတစ်ဝန်း နှစ်စဉ်အသုံးပြု နေသည်။
သို့သော် phthalates
ဓာတုပစ္စည်း များနှင့် ထိတွေ့မှုများသူ များသည် ပြင်းထန်သောရောဂါများဖြစ်နိုင်ကြောင်း
သြစတြေးလျမှ သုတေသီ များကပြောသည်။ အသင့်ထုပ်ပိုးထားသော၊ တာရှည်ခံ
အောင် စီမံထားသော အစားအစာများ စားသုံးမှုများခြင်းနှင့် အချို ရည်သောက်သုံးမှု
များခြင်း၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များ စား သုံးမှုနည်းခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင် ဓာတုပစ္စည်းပမာဏ မြင့်မားနေလေ့ရှိသည်။
ယင်းကဲ့သို့ phthalates ဟုခေါ်သော
ဓာတုပစ္စည်း ပမာဏမြင့် မားနေသူများသည် အမျိုးအစား ၂ ဆီးချိုရောဂါ၊
နှလုံးသွေးကြော ဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင်ကြောင်း
သုတေသီ များ လေ့လာတွေ့ရှိခဲ့သည်။
—Ref: MNT
Credit : 7daydaily

No comments:
Post a Comment