Saturday, July 22, 2017

=လူထုကျန်းမာရေး(ကိုယ်အလေးချိန် လျှော့ကျဖို့ကူညီပေးမယ့် ခရမ်းသီးဖျော်ရည်)=

+Public Health+ 
ခရမ်းသီးကို သာမန်အားဖြင့် အစိမ်းလိုက်စားလေ့မရှိကြပါဘူး။ ခရမ်းသီးနှပ်၊
 ခရမ်းသီးမီးဖုတ်၊ ခရမ်းသီးငါးပိချက် စသဖြင့်အရသာစုံလင်အောင်ချက်စားကြတာ
များပါတယ်။ ခရမ်းသီး မှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်၊
မပါစလောက်သောကယ်လိုရီ အပြင် ကျန်းမာတဲ့ စားသောက်မှု စနစ်ကို
အထောက်အပံ့ပေးပါတယ်။ ဒီ့အပြင် ခရမ်းသီး က ကိုယ်အလေးချိန် လျှော့ကျဖို့ အထောက်အကူပြုတာကိုတော့ လူသိနည်းမှာပါ။ အခုတစ်ခါ ခရမ်းသီးဖျော်ရည် ပြုလုပ်နည်းကိုတင်ပြချင်ပါတယ်။ ၀ိတ်ကျဖို့ကူညီပေးမယ့် ဒီ ခရမ်းသီး ဖျော်ရည် ကို
 ထမင်းမစားခင် ၁၅မိနစ်အလိုမှာသောက်ပေးရပါမယ်။ဒီခရမ်းသီးဖျော်ရည်ကို
 နေ့စဉ်သောက်ပေးခြင်းဖြင့် ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။
သတိပြုရမှာကတော့ ခရမ်းသီးက အဆီစုပ်ယူမှုကို လျှော့ချပေးပေမယ့်
ဝိတ်မြန်မြန်ကျဖို့ဆိုရင်တော့ ကယ်လိုရီနည်းတဲ့အစားအစားတွဲစားပြီး လေ့ကျင့်ခန်း
ပုံမှန်လုပ်ပေးရပါမယ်။

*ပါဝင်ပစ္စည်းများ*

 ခရမ်းသီး အကြီးတစ်လုံး ရေ ၁ လီတာ
 သံပုရာသီး ၁လုံး

  *ပြုလုပ်နည်း*

 ခရမ်သီး ကို အခွံနွှာပြီး အပိုင်းသေးသေးလေး
ဖြစ်အောင် တုံးထားပါ။ လှီးထားတဲ့ ခရမ်းသီးကို ရေအေး လီတာ တစ်ဝက်လောက်
မှာ ထည့်ပြီး နာရီအနည်းငယ်စိမ်ထားပါ။ (တစ်ညအလိုမှာကတည်းက စိမ်ထား
လို့ရသည်) စိမ်ပြီးသား ခရမ်းသီး ကို ရေနဲ့အတူ ဆူအောင် မီးအပူပေးပါ။
 ရေဆူတာနဲ့ သံပုရာသီး ကို အရည်ညှစ်ထည့်ပါ။ မီးဖိုကိုပိတ်ပြီး ၁၀မိနစ်လောက် 
အအေးခံထားပါ။ ခရမ်းသီးအနှစ်တွေကို သေချာညက်အောင် ဖျော်ရည် ကြိတ်စက်ထဲ
 ထည့်ကြိတ်ပေးပါ။ အဲ့ဒါဆိုရင်တော့ ကိုလက်စထရောတွေလျှော့ချပေးမယ့် 
ခရမ်းသီး ဖျော်ရည် တစ်ခွက်ရပါပြီ။ 


Credit: myfoodmyanmar 

လွင်ပြင်

No comments:

Post a Comment