Sunday, July 23, 2017

=လူထုကျန်းမာရေး(ဓာတ်ငွေ့ မီးဖို နဲ့ ချက်သလား)=

+Public Health+ 
သင်ဟာ ဓာတ်ငွေ့ ကိုသုံးပြီး ချက်ပြုတ်နေသူ တစ်ယောက် ဆိုရင်တော့
ဒီစာလေး ကို ဂရုတစိုက် ဖတ်ပြီး မှတ်သားစေချင် ပါတယ်။
ဒီလို အဖြစ်အပျက် ဟာ အိမ်ထောင်စု အများစု မှာ ဖြစ်တတ် တဲ့
အမှားဖြစ်လို့ သင့် အနေနဲ့ ဒီလိုမျိုး မကြုံ ရအောင် လုပ်ဆောင် ထားရပါမယ်။
အိမ်တစ်အိမ် ရဲ့ မီးဖိုချောင် ထဲမှာ အိမ်ရှင်မ တစ်ယောက် ဟာ မီးလောင် ဒဏ်ရာ နဲ့
 သေဆုံး ခဲ့ရတဲ့ ထိတ် လန့် တုန်လှုပ်ဖွယ် အဖြစ်ဆိုး တစ်ခုဟာ ၂၀၁၃ ခုနှစ်
 ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။ဘယ်လိုဖြစ်သလဲ ဆိုတော့ 
ဓာတ်ငွေ့ အိုးနဲ့ ဟင်းချက်နေတုန်း မှာဖြစ်ပါတယ်။အမျိုးသမီး ဟာ 
ပန်း ကန်ဆေး စင် နားမှာ ပိုးဟပ်တွေ ကိုတွေ့ပါတယ်။
ဒါကြောင့် insect killer တစ်ဗူး ကို ဆွဲယူပြီး ချက်ပြုတ်နေ တဲ့ ဓာတ်ငွေ့ မီးဖိုနား 
မှာ ဖြန်းမိခဲ့ ပါတယ်။ချက်ချင်း ဆိုသလို ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး
 အမျိုးသမီး ကို မီးတောက်တွေ က တစ်မဟုတ်ချင်း ဝါးမြိုသွား ပါတယ်။
 သူမ ခန္ဓာကိုယ် ရဲ့ ၆၅ ရာခိုင်နှုန်း အထိ လောင်ကျွမ်း ခံလိုက်ရပါတယ်…
 သူမရဲ့ အမျိုးသား ဟာ အလောတကြီးပြေးလာ ခဲ့ပြီး မီးငြိမ်းသတ် ဖို့ကြိုးစား
 ခဲ့ပါတယ်။သူ့ အဝတ်အစား တွေ လည်း မီးလောင် ခံလိုက်ရပါတယ်…
. အမျိုးသားဖြစ်သူ ကတော့ ဆေးရုံ ကို အချိန်မီ ပို့ဆောင်နိုင်ပြီး ကုသမှု 
ခံခဲ့ ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက် တာနဲ့ သေဆုံးကြောင်းကြား ရတဲ့ 
အတွက် ပူဆွေး ဝမ်းနည်းနေခဲ့ ရပါတယ်။…. နားလည် ထားရမှာ က
 insect killer spray တွေ မှာ အငွေ့ ပျံလွယ်ပြီး မီးလောင်လည်း လွယ် တဲ့
 ငွေ့ရည် တွေ ပါဝင် ပါတယ်။… (insect killer တွေတင် မကပါဘူး… 
Air Freshener တွေ… အရက်ပြန် နဲ့ မီးလောင် လွယ်တဲ့ တခြား spray တွေ 
အကုန်လုံး ကိုလည်း သတိထား ရပါမယ်…) ဒါတွေနဲ့ ဖြန်းလိုက်တဲ့ အခါမှာ
 သေးငယ်တဲ့ အမှုန်အစက်လေးတွေ အဖြစ် ခွဲဖြာပြီး အလျင်အမြန် ပျံ့နှံ့သွား ပါတယ်။
ဒီ အထဲ က အစက် တစ်စက် ကို မီးညှိ လိုက်ရုံနဲ့ တင် လေထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ 
မီးဖိုက ထွက်တဲ့ ဓာတ်ငွေ့ တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲ သွားစေနိုင်ပါတယ်။
 ဒါကြောင့် သင့် မိသားစု တွေ နဲ့ မိတ်ဆွေ တွေ ကို ဒီ အကြောင်းနဲ့ ပတ်သက်ပြီး
 ပညာပေးဆွေးနွေး တာ မျိုး ဖြန့်ဝေ တာမျိုး တတ်နိုင် သလောက် လုပ်ပေးပါ။…
လူ့ အသက်ပေါင်း များစွာ ကယ်တင်နိုင်ဖို့ အတွက် တစ်တပ် တစ်အား
 ပါဝင်ကူညီနိုင် ပါတယ်။

…. Credit to Myanmar News Update

 လွင်ပြင်

No comments:

Post a Comment