Saturday, July 29, 2017

=လူထုကျန်းမာရေး(H1 N1 အတွက် သိသင့်သတိထားသင့်တာများ)=

+Public Health+ 
H1N1 နဲ့ပတ်သတ်ပြီး လူတိုင်း စိုးရိမ်နေကြချိန်တစ်ခုပါ။ စိုးရိမ်စရာကိုစိုးရိမ်နေကြတာက
မဆန်းပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့အသိပညာတွေကို ရှိဖို့က လူတိုင်း
မလုပ်ဖြစ်သေးတာတွေပါ။ သတင်း ဆိုတာ”ချဲ့ကား”ရင်းသတင်းမှားတွေဖြစ်တတ်လို့ အရင်းအမြစ်သတင်းမှန်မမှန်ချင့်ချိန်တွေးဆပြီး အကြောက်တရားကို မိမိ ကိုယ်တိုင်
ထိန်းညှိရပါမယ်။ ဒီချိန် အလုပ်သင့်ဆုံးက---

 (၁) ကျန်းမာရေး ဝန်ကြီးဌာနနှင့် အစိုး ရသတင်း များ နားထောင်ပြီးသတင်းစာပါ
အချက်အလက်များကို သေချာစွာလိုက်နာခြင်းပါ
 (Listen National News only)”

(၂) လူတိုင်း အကုန်လုပ်နိုင်ပြီးကာကွယ်နိုင်တဲ့နည်းတွေက “အပြင်ကပြန်လာတိုင်း၊အညစ်အကြေးကိုင်ပြီးတိုင်း လက် ကိုခဏခဏဆေးပေးပါ
 ( Hand washing )။

 (၃) အိပ်ရေးဝအောင်အိပ်ပါ။ အားရှိအောင်စားပါ။ (Sound sleep and enough food
for immunity) ခန္ဓာကိုယ်ခုခံစွမ်းအားကောင်းရင်တော်ရုံပိုးက အလွယ်တကူ
မဝင်ရောက်နိုင်ပါဘူး။

 (၄) မလိုအပ်ပဲ လူတွေထူထပ်တဲ့နေရာတွေကိုမသွားပဲရှောင်ပါ။ မဖြစ်မနေသွားခဲ့ရင်လည်းနှာခေါင်းစည်းကိုတပ်ဆင်နိုင်သလိုစနစ်တကျတပ်ဆင်ဖို့
လိုအပ်ပါမယ်။ စနစ်တကျမဟုတ်သောတပ်ဆင်မူနှင့် နှာခေါင်းစည်းသန့်ရှင်းမူ
မရှိပါကလည်း H1N1 မဟုတ်ပဲအခြားဖုန်မှုန့်များကြောင့်အသက်ရှူ လမ်းကြောင်းပိုး
များဝင်နိုင်ပါသေးတယ်။ ပညာပေးရာတွင်အများကြီးပေးနေလျှင်လူတွေမည်သည့်အရာကို
မည်သို့စနစ်တကျလုပ်ရမည်ဝေခွဲရခက်နေမည်မို့ “အပြင်ပြန်လာတိုင်းလက်ဆေးပါ။ အားရှိအောင်စား။အိပ်ရေးဝအောင်အိပ်ကြပါ။ ဖျားနာမူရှိကချက်ချင်းဆေးရုံ
ဆေးခန်းသွားပြကြပါ” လို့မိမိ မိတ်ဆွေ များအားအကြံပြုတင်ပြအပ်ပါတယ်။

 ဒေါက်တာသန့်ဇော်လွင်

 လွင်ပြင်

No comments:

Post a Comment