+Public Health+
ဆီးကျိတ် သည် သုတ်ရည်များထုတ်လုပ်ပေးသည့် အကျိတ်တစ်ခုဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင်ဖြစ်လေ့ရှိသော ကင်ဆာရောဂါ များ
ထဲမှ တစ်ခုအပါအ၀င်ဖြစ်ပြီး ယေဘူယျအားဖြင့် ကင်ဆာ ဆဲလ်များကြီးထွားမှုနှုန်းဟာ နှေးကွေးတတ်ပါတယ်။ ဒါပေမယ့် တချို့ဆီးကျိတ်ကင်ဆာ အမျိုးအစားတွေမှာ လျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် စောစီးစွာသိရှိပြီး ဆေးကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ်။
*ဖြစ်ပွားရသည့်အကြောင်းရင်း*
ဆီးကျိတ်ကင်ဆာဖြစ်ပွားရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ပုံမှန်မဟုတ်သော ဆဲလ်များ၏ DNA ပြောင်းလဲမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ပုံမှန်မဟုတ်သော ဆဲလ်များစုဝေးလာခြင်းဖြင့် ကင်ဆာဖြစ်ပေါ်လာပြီး အနီးအနားရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပါတယ်။
-ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းအရင်းများမှာ –
–
အသက်အရွယ်ကြီးခြင်း၊
– လူမည်းအမျိုးသားများ၊
– မိသားစုမျိုးရိုးရှိခြင်း၊
– BRCA 1 (သို့) BRCA 2 မျိုးရိုးဗီဇပြောင်းလဲမှုရှိခြင်း၊
– မိဘမျိုးရိုးထဲတွင် ရင်သားကင်ဆာဖြစ်ဖူးခြင်း၊
– အ၀လွန်ခြင်း တို့ဖြစ်ပါတယ်။
*ရောဂါလက္ခဏာများ*
ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပေ။ ရောဂါလက္ခဏာများမှာ
–
– ဆီးသွားရာတွင်ခက်ခဲခြင်း
– ဆီးစီးဆင်းမှုအဟုန် လျှော့ သွားခြင်း
– ဆီးထဲတွင်သွေးပါခြင်း
– သုတ်ရည်ထဲတွင်သွေးပါခြင်း
– ခါးနာခြင်း
– တင်ပဆုံတ၀ိုက်တွင် မအီမသာဖြစ်ခြင်း
– အရိုးများနာကျင်ခြင်း
– ပန်းသေခြင်း
*နောက်ဆက်တွဲဆိုးကျိုး*
အခြားအင်္ဂါများသို့ပျံ့နှံ့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ပန်းသေခြင်း၊
*စစ်ဆေးခြင်း*
ဆီးကျိတ်ကင်ဆာရှိနေကြောင်းကို
– စအိုတွင်း လက်နှိုက်စစ်ဆေးခြင်းဖြင့်
လည်းကောင်း၊
– သွေးထဲတွင် Prostate Specific Antigen (PSA) ပမာဏစစ်ဆေးခြင်း
ဖြင့်လည်းကောင်း၊
– စအိုတွင်းမှတဆင့် ပစ္စည်းထည့်၍ အယ်လ်ထရာဆောင်း (USG) ရိုက်ခြင်းဖြင့်
လည်းကောင်း၊
– ဆီးကျိတ်မှ အသားစယူခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ အခြားအင်္ဂါများသို့ ပျံ့နှံ့ခြင်းရှိ၊ မရှိကို အရိုးကို Scan ဖတ်ခြင်းဖြင့်
လည်းကောင်း၊ အယ်လ်ထရာဆောင်းရိုက်ခြင်းဖြင့်လည်းကောင်း၊ CT Scan ရိုက်
ခြင်းဖြင့်လည်းကောင်း၊ PET Scan (Positron Emission Tomography) ဖြင့်လည်းကောင်း
သိနိုင်ပါတယ်။
*အဆင့်*
ဆီးကျိတ်ကင်ဆာကို အဆင့်လေးဆင့်ခွဲခြားနိုင်ပါတယ်။
အဆင့် I တွင်
ကင်ဆာဆဲလ်များကို ဆီးကျိတ်၏နေရာအနည်းငယ်တွင်သာတွေ့ရပါတယ်။
အဆင့် II တွင် ကင်ဆာဆဲလ်များ ပိုမိုကြီးထွားလာပြီး ဆီးကျိတ်၏ဘေးနှစ်ဘက်
စလုံးကိုပါ ပျံ့နှံ့နေပါပြီ။
အဆင့် III တွင် ကင်ဆာဆဲလ်များဟာ ဆီးကျိတ်တွင်
သာမက အနီးအနားရှိ တစ်သျှူးများသို့ပါ ပျံ့နှံ့နေပါပြီ။
အဆင့် IV တွင်
ကင်ဆာဆဲလ်များသည် ပြန်ရည်ကြောအကျိတ်များ၊ အဆုတ်၊ အသဲနှင့်
အခြားသောအင်္ဂါများကိုပါ ပျံ့နှံ့နေပါပြီ။
*ကုသမှု*
ဆီးကျိတ်ကင်ဆာကုထုံးများသည် ကင်ဆာဆဲလ်များ၏ ပျံ့နှံ့နှုန်း၊ အဆင့်၊ အထွေထွေ
ကျန်းမာရေးနှင့် ကုထုံးများ၏ကောင်းကျိုး၊ ဆိုးကျိုး၊
x
များပေါ်မူတည်နေပါတယ်။
(၁) ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း
ဓါတ်ရောင်ခြည်ဖြင့်ကုသမှုတွင်
ခန္ဓာကိုယ်အပြင်ဘက်မှ ဓါတ်ရောင်ခြည်ပေးခြင်း (External Beam Radiation) နှင့်
အထူးပြုလုပ်ထားသော ရေဒီယိုသတ္တုကြွပစ္စည်းသွင်းပြီး ခန္ဓာကိုယ်အတွင်းပိုင်းသို့ ဓါတ်ရောင် ခြည်ဖြင့်ကုသခြင်း
(Brachytherapy) ဟူ၍ နှစ်မျိုးရှိပါတယ်။
(၂) ဟော်မုန်းများဖြင့်ကုသခြင်း
-အဖိုဟော်မုန်း
ထွက်ရှိမှုကို တားဆီးသောဆေးဝါးများ ( ဥပမာ – Leuprolide (lupron), goserelin (zoladex)
ဖြင့် ကုသခြင်း)
– အဖိုဟော်မုန်း များကို ကင်ဆာဆဲလ်များသို့မရောက်ရှိအောင်
တားဆီးသောဆေ၀ါးများ ( ဥပမာ – bicalutamide (Casodex), flutamide ဖြင့် ကုသခြင်း )
(၃) ခွဲစိတ်ကုသခြင်း
– ကျိတ် ကိုခွဲစိတ်၍ ဖယ်ရှားခြင်း
– ကျိတ် တစ်သျှူးများကို
အေးခဲစေခြင်းဖြင့် ကုသခြင်း (Cryosurgery)
(၄) ကင်ဆာဆေးများသွင်း၍ (သို့)
သောက်သုံးခြင်းဖြင့် ကုသခြင်း (Chemotherapy)
(၅) လူနာ၏ကိုယ်ခံစွမ်းအားစနစ်မှ ဆဲလ်အချို့ကို ထုတ်ယူကာ ဆီးကျိတ်ကင်ဆာဆဲလ်
များကို တိုက်ထုတ်နိုင် မည့် ဆဲလ်များအဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်ထဲပြန်သွင်းပေးခြင်းဖြင့်
ကုသခြင်း (Biological Therapy / Immunotherapy)
ဆီးကျိတ်ကင်ဆာ ခံစားနေရပါက
၁။ ဆီးကျိတ်ကင်ဆာ နှင့်ပတ်သက်သော ဗဟုသုတ များကို လေ့လာပါ။
၂။ မိသားစုဝင်များ၊ သူငယ်ချင်း များနှင့် အတူ အချိန်ကုန်ဆုံးပါ။
၃။ ၀ါသနာပါတဲ့အလေ့အကျင့်တစ်ခု ဥပမာ ပန်းချီဆွဲခြင်း၊ ကခုန်ခြင်း၊
သီချင်းနားထောင်ခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။
၎။ တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ ချပါ။
၅။ အိပ်ရေးဝအောင် အိပ်ပါ။
*ကာကွယ်ခြင်း*
ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွားအောင်---
၁။ ကျန်းမာရေးနှင့်ညီညွတ်သည့်
အစားအစာ များကို စားသုံးပါ။ အိုမီဂါ 3 ပါဝင်သော ငါးနှင့် ခရမ်းသီးမှာ
ပါဝင်တဲ့ လိုင်ကိုပင်းဓါတ်ဟာ ဆီးကျိတ် ကျန်းမာရေး အတွက် စားပေးသင့်တဲ့
အစားအစာများ ဖြစ်ပါတယ်။
အသွင်ပြောင်းထားတဲ့အဆီများ (ဥပမာ- မာဂျရင်း)
စားသုံးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း တို့ကို ရှောင်ရှားသင့်ပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ။
၃။ သင့်တင့်မျှတသော ကိုယ်အလေးချိန် ကို ထိန်းထားပါ။
၎။ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းကို
လျှော့ ချနိုင်တဲ့ဆေးဝါးများ – ဥပမာ – Finasteride, dutasteride မှီဝဲပါ။
Dr. Htet Htet Aung
လွင်ပြင်
DrMyanmar

No comments:
Post a Comment