Sunday, August 6, 2017

=လူထုကျန်းမာရေး(ကြက် ငှက်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ချက်)=

/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*/*
 +Public Health+

၁။ ကြက်ငှက်တုပ်ကွေးရောဂါသည် ရာသီမရွေး ဖြစ်ပွားနေကြောင်းကို
ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များ အရ သိရှိရပါသည်။
 သို့ဖြစ်ပါ၍ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေး ခြံများကို ဇီဝလုံခြုံမှုစနစ်တကျ မြှင့်တင်ရန်
လိုအပ်သည်။ ကြက်ငှက် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် အောက်ပါအတိုင်း
 လိုက်နာဆောင်ရွက် နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

 (က)ကြက်၊ ဘဲနှင့်ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊
 (ခ) ကြက်၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲအရှင်ဈေးများတွင် စနစ်တကျ

ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊
  (ဂ) မွေးမြူရေးခြံအတွင်းသို့ ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာအကွယ်
 ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန်၊ 
(ဃ) ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်း ကြက်ခြံမှ ထွက်သည့်အခါတိုင်း
 ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများ
 ဆောင်ရွက်ရန်၊

 (င) အသား၊ ဥတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်၊
 (စ) ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ 
အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ
 မွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊ 
(ဆ) ရောဂါကြိုတင် ကာကွယ်ရေးနှင့် ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင်
 သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။


 မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

No comments:

Post a Comment