+Public Health+
နေ့စဉ် ဘီယာသောက်သုံးပါက H1N1 ရောဂါပိုးအား ကာကွယ်နိုင်ကြောင်း
Yamakar တက္ကသိုလ်မှ ဒေါက်တာ Sheky-Man မှ ပြီးခဲ့တဲ့ တနင်္လာနေ့က
NTM ( Naetinemue ) သတင်းဌာနကို ယခုလိုပြောကြားလိုက်ပါတယ်
” ဟုတ်ကဲ့ ကျွန်တော်တို့ ပုံမှန်အားဖြင့် H1N1 ရောဂါပိုးဟာ လေထဲကနေတဆင့်
အသက်ရှုလမ်းကြောင်း
ကနေ ကူးဆက်နိုင်တာပေါ့နော်။ အဲ့တော့ ကျွန်တော်တို့
ရှူသွင်းလိုက်တဲ့ လေထဲမှာ ရောဂါပိုးပါဝင်သွားလား ? မပါဝင်သွားဘူးဆိုတာ
ဘယ်သူမှမသိနိုင်ဘူး ဆိုတော့ကား ကျွန်တော်တို့နေ့စဉ်ရှူသွင်းလိုက်တဲ့လေကို
တက်နိုင်သမျှပြန်ထုတ်ရပါမယ် ။ လေနဲ့ပါလာတဲ့ရောဂါပိုးကို ခန္ဓာကိုယ်ထဲကနေ
လေနဲ့ပြန်ထုတ်တဲ့သဘောပေါ့။ ဟုတ်ပြီ လေနဲ့ဘယ်လိုပြန်ထုတ်မလည်း
ယေဘူယျအားဖြင့် နည်းလမ်းနှစ်ခုရှိပါတယ် ။
ပထမနည်းလမ်းက လေလည်ခြင်းနဲ့
ဒုတိယနည်းက လည်ချဉ်တက်ခြင်းပေါ့နော်။
ပထမနည်းလမ်းဟာ ကျွန်တော်တို့
လူ့ပတ်ဝန်းကျင်ဆက်ဆံရေးကိုထိခိုင်နိုင်တဲ့နည်းလမ်းပါ ။
ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေမှုမရှိသလို လေအမြဲတမ်းလေလည်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး ။
အဲဒုတိယနည်းလမ်းဟာလည်း လူတစ်ယောက်က ခဏခဏလေချဉ်တက်ဖို့ဆိုတာ
အဆင်သိပ်မပြေပြန်ဘူး။ ဒီတော့ကျွန်တော်တို့ဟာ အထောက်အကူဖြစ်စေမယ့်
အရာလိုအပ်ပါတယ် ။
ဟုတ်ကဲ့ အဲတာကတော့ ဘီယာပါပဲ ။ ပုံမှန်လူတစ်ယောက်ဟာ
ဘီယာတစ်ခွက်သောက်သုံးရင် လေချဉ်တစ်ခါ (သို့) နှစ်ခါလောက်တက်ပါတယ်။
ပုံမှန်နေ့စဉ် ဘီယာ အနည်းဆုံး ၅ခွက်မှ ၁၀ ခွက်နီးပါ ညအိပ်ခါနီးသောက်သုံးရင်
တနေ့ကုန်ရှူသွင်းလိုက်တဲ့ လေနဲ့အတူပါလာတဲ့ H1N1လိုရောဂါပိုးမွှားတွေဟာ
လေချဉ်တက်ခြင်းနဲ့အတူခန္ဓာကိုယ်ထဲကနေပြန်ထွက်သွားမှာပါ… ” လို့ ဒေါက်တာ Shekyman
က သူရဲ့လေ့လာတွေ့ရှိချက်ကို Muetinekwel မြို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ
ဖြေကြားခဲ့ပါတယ် …. ။
ဟုတ်ကဲ့ ကျွန်တော်ကတော့ သတင်းထောက်
Aung Naing Kyaw ပါ။
( မှတ်ချက် – စာရေးသူ ဟာသအနေဖြင့်တင်ခြင်းသာ ဖြစ်ပါကြောင်း
peace )
Credit: Augn Naing Kyaw
လွင်ပြင်

No comments:
Post a Comment