Thursday, November 30, 2017

လူထုကျန်းမာရေး(မိုးသည်းထန်တာက ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေရဲ့ ရှေ့ပြေးဖြစ်တယ်လို့ဆို)

+Public Health+ 
 ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ ဇီကာနဲ့ ချီကွန်ဂန်ယာတို့ဟာ မိုးသည်းထန်စွာ
ရွာသွန်းပြီး သုံးပတ်အကြာ မှာ စတင်ဖြစ်ပွားလာတတ်တယ်လို့ သုတေသန
အသစ်တစ်ခုက ဖော်ပြပါတယ်။ ချီကွန်ဂန်ယာဟာ ပိုးပေါက်ချိန်တို တောင်းတာ
ကြောင့် သည်ဗိုင်းရပ်စ်ပိုးနှစ် မျိုး အတူတကွ ဖြစ်ပွားချိန်မှာ ချီကွန်ဂန်ယာဟာ
ပိုထင်ရှားတယ်လို့လည်း ပလပ်စ် ဝမ်းဂျာနယ်မှာအသေးစိတ်ဖော်ပြထားတဲ့
သည်နောက်ဆုံး လေ့လာချက်မှာ တွေ့ရှိခဲ့ ပါတယ်။

ယူစီအယ်လ်အေအဖွဲ့ သုတေသီတွေက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး
 ပြည်နယ်က လူတွေရဲ့ဆီးနဲ့သွေးကနေ ဇီကာ၊ ချီကွန်ဂန်ယာနဲ့
 သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေကို နေရာဒေသ၊ လူဦးရေ၊ အချိန် ကာလနဲ
့တိုက်ကြည့် စစ်ဆေးကြည့်ရာ ဇီကာဖြစ်ပွားမှုဟာ နေရာဒေသနဲ့ ပတ်သက်မှု
မရှိဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ မြို့ပြလူဦးရေအပေါ်မူတည်ပြီး
 ချီကွန်ဂန်ယာဖြစ်ပွားမှုဟာ အနည်းငယ်ဆက် စပ်မှုရှိပေမဲ့ မိုးသည်းထန်စွာ
ရွာသွန်းမှုကတော့ ဇီကာရော ချီကွန်ဂန်ယာပါ ဆိုး ဆိုးရွားရွားဖြစ်
စေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါ တယ်။ ၂၀၁၅ ခုနှစ်အောက်တိုဘာမှာ 
မိုး သဲသဲမဲမဲရွာသွန်းမှုကြောင့် ဇီကာရောဂါ အမြောက်အမြားဖြစ်ခဲ့ရပြီး 
၂၀၁၆ ဖေဖော် ဝါရီလမှာ ဇီကာရောဂါဖြစ်ပွားမှု ပြန်လည် ကျဆင်းခဲ့ပြီး 
ချီကွန်ဂန်ယာရောဂါကြီး အစပျိုး ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

 ရာသီဥတုကောင်းမွန်ပါက ရောဂါပျောက်ကင်းမှု ပိုမိုမြန်ဆန်စေတာကို
တွေ့ ရှိရပါတယ်။ ၂၀၁၇ခုနှစ်ရဲ့ ဖလော်ရီဒါမှာ ဒုတိယ မြောက် ဇီကာရောဂါသည်
တစ်ယောက်ကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သည်အပတ်အတွင်းမှာ
 ထုတ်ပြန်ပါတယ်။ ဖလော်ရီဒါနဲ့ ကာရစ်ဘီယံဒေသမှာ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် သည် ရောဂါကူးစက်ပျံ့နှံ့ခဲ့ရတာလို့ အရင်လေ့လာချက်
တွေမှာ တွေ့ရှိရပါတယ်။ ခြင်တွေဟာ ဥကို ရေသေတွေမှာ ဥအုလေ့ရှိပြီး 
မိုးသဲသဲမဲမဲ ရွာသွန်းပြီး နောက်မှာ ပိုမိုဥကြကြောင်း တွေ့ရှိရပါတယ်။
 ပွာတိုရီကိုကျွန်းဟာ ဟာရီကိန်းမာရီ ယာ မုန်တိုင်းဒဏ်ခံခဲ့ရတာကြောင့်
 ခြင် ကြောင့် ဖြစ်ပွားတဲ့ရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားမှာကို စိုးရိမ်ရလျက်
ရှိပါတယ်။

 နှင်းသန့် 

[ref: UPI, Nov 22, 2017.] 


ကုမုဒြာ

No comments:

Post a Comment