+Public Health+
ယင်ကောင်များသည် လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သော
ဗက်တီးရီးယား ရာပေါင်းများစွာ သယ်ဆောင်နိုင်သောကြောင့်
ရောဂါများ ပျံ့နှံ့စေနိုင်ကြောင်း သုတေသီများက သတိပေးသည်။
ယင်ကောင်များသည် လူသားများအနီး မကြာခဏရောက်လာ
လေ့ရှိသဖြင့် သယ်ဆောင်နိုင်သော ရောဂါပိုးမွှားများနှင့် ရောဂါပျံ့နှံ့
ကူးစက်နိုင်မှုကို လေ့လာပြီး Scientific Reports ဂျာနယ်တွင်
ဖော်ပြထားသည်။
ရောဂါပျံ့နှံ့နေချိန်အတွင်း ယင်ကောင်များသည်
ရောဂါပိုး များ သယ်ဆောင်လာပြီး ရောဂါပျံ့နှံ့မှုကို ပိုမိုဆိုးရွားစေနိုင်
ကြောင်း အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ် ပါမောက္ခဒေါ်နယ်ဘရိုင်ယန်ကပြောသည်။
သုတေသီများက မတူညီသော
တိုက်သုံးတိုက်မှ ယင်ကောင် ၁၆၆ ကောင်၏ ပိုးမွှားများကို လေ့လာရာတွင်
အချို့သောအခြေအ နေများ၌ ယင်းယင်ကောင်များသည် မတူညီသော
ဗက်တီးရီးယား မျိုးစိတ်ရာပေါင်းများစွာ သယ်ဆောင်ထားကြောင်း
လေ့လာတွေ့ ရှိခဲ့သည်။
ယင်းဗက်တီးရီးယားများအနက် အများအပြားသည် လူ သားများအတွက်
အန္တရာယ်ရှိနိုင်သည်။
ယင်ကောင်တစ်ကောင်၏ ခန္ဓာကိုယ်တွင်
ခြေထောက်နှင့် တောင်ပံများ၌ ရောဂါပိုးအများဆုံး တွေ့ရကြောင်း
စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ်မှ စတီဖန်စကုစတာကေ
ပြောသည်။
ယင်ကောင်များသည် မသန့်ရှင်းသော အညစ်အကြေးများတွင် အဓိကပေါက်ဖွားရှင်သန်သောကြောင့် လူသားများ၊ အပင်များနှင့်
တိရစ္ဆာန်များသို့ ရောဂါပျံ့နှံ့စေနိုင်ကြောင်း သုတေသီများကပြောသည်။
—Ref: TOI
7 Day News Journal

No comments:
Post a Comment