+Public Health+
အော့အန်စေတဲ့ ဘက်တီးရီးယားတွေဟာ လက်ကနေ ပါးစပ်ကို ရောက်ကုန်လို့
ဖြစ်ရတာပါ။
ပျင်းပျင်းနဲ့ လက်သည်းကိုက်မိတာမျိုး ၊ တစ်ခုခု စဉ်းစားနေရင်း
လက်သည်းကိုက်မိတာမျိုး အဲ့လို အကျင့် ရှိကြလား။ တချို့ကောင်မလေးတွေ
ရှိသေးတယ်။ ရှက်ရှက်နဲ့ လက်သည်းကိုက်တာလေ။ လက်သည်းကိုက်တတ်
တဲ့ အကျင့်ကြီးက ဘယ်လိုမှ မကောင်းတဲ့ အကျင့်ဆိုးကြီးပါ။ ကိုယ့်အတွက်
ဆိုးကျိုး-တွေပဲ ပေးနေတဲ့ အကျင့်ကို ပြင်ဖို့ကြိုးစားစေချင်တယ်။
၁။ ရွံစရာကြီး။
လက်သည်းအောက်မှာ ကြေးတွေ အညစ်အကြေးတွေ ကပ်နေတာ
အများကြီးပဲ။ ကိုယ့်မျက်စိနဲ့ မြင်ရတာတောင် တော်တော်များနေပြီ။
မမြင်ရတဲ့ ကြေးတွေ ဗိုက်ထဲရောက်ကုန်တော့မယ်။
၂။ ဘက်တီးရီးယားတို့ရဲ့နိဗ္ဗာန်။
နဂိုတည်းက လက်သည်းမှာ ဘက်တီးရီးယားတွေ ကပ်နေတာ။ အဲ့တာကို
လက်သည်းကိုက်တော့ တံတွေးတွေနဲ့ စိုစွတ်ပြီး နှစ်နေရာလုံးက ပိုးတွေက
ပျံ့နှံ့ကုန်တာ။ အော့အန်စေတဲ့ ဘက်တီးရီးယားတွေဟာ လက်ကနေ ပါးစပ်ကို
ရောက်ကုန်လို့ ဖြစ်ရတာပါ။
၃။ သွားပျက်စီးမယ်။
လက်သည်းအမာကို သွားတွေနဲ့ ကိုက်နေတော့ သွားတွေ အက်ကွဲလာတယ်။
သွားတွေပျက်စီးတယ်။ မေးရိုး အံချော်လာမယ်။ Brace တပ်ထားတဲ့သူတွေဆို
ပိုပြီး သတိထားပါ။
၎။ လက်သည်းတွေပုံပျက်လာတယ်။
လက်သည်းတွေက မလှတော့ဘူး။ ရွဲ့စောင်းလာတယ်။ အသစ်ထွက်တဲ့
လက်သည်းတွေကအစ ပုံမကျပန်းမကျဖြစ်လာမှာ။
၅။ ပါးစပ်ကို ပိုးဝင်နိုင်။
ပါးစပ်တစ်ဝိုက် အနာတွေပေါက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အနာတွေက
တော်တော်နဲ့လည်း မပျောက်နိုင် ဖြစ်တတ်တယ်။
Source : Buzz Feed
ဆဲဗင်းဒေးသတင်းဂျာနယ်
No comments:
Post a Comment