+Public Health+
ပရိုတင်းဓာတ် လွန်ကဲစွာ စားသုံးနေခြင်းဟာ ဆေးလိပ်သောက်သုံးခြင်းလိုပဲ
ကျန်းမာရေးကို လွန်မင်းစွာ ထိခိုက်နိုင်တယ်။
ကယ်လီဖိုးနီးယားမှ
တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ လေ့လာမှုများအရဆိုရင် ပရိုတင်းဓာတ်
(အသားဓာတ်) လွန်ကဲစွာ စားသုံးခြင်းဟာ ကင်ဆာရောဂါဖြစ်လာနိုင်ချေကို
မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်း
အရွယ်တွေမှာ ဆိုရင် ပိုပြီးတော့ စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ သူတိုရဲ့လေ့လာမှု
များအပြီး အစီရင်ခံမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးဟာ သက်ကြီးပိုင်း
အရွယ်တွေကို ထိခိုက်နိုင်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြေးလျနို်င်ငံ
ဆစ်ဒနီတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကလည်း ပရိုတင်းဓာတ် နဲ့
ကာဘိုဟိုက်ဒြိတ်တို့ အကြောင်းကို ကြွက်များနှင့် သုတေသန ပြုလုပ်ခဲ့ပြီးတော့
ပရိုတင်းဓာတ်နည်းပါးခြင်း နဲ့ ကာဘိုဟိုက်ဒြိတ် မြင့်မားခြင်းက အကျိုးကျေးဇူး
များကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါသေးတယ်။
ကယ်လီဖိုးနီးယား တက္ကသိုလ်
မှ ပြုလုပ်လေ့လာခဲ့တဲ့ အမေရိကန်မှာ လူပေါင်း ၆၈၀၀ ကျော်ကို သုတေသန
ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာဆိုရင်တော့ အသက် ၅၀နှင့်အထက် လူတွေဟာ
တစ်နေ့ကို ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို
လေးကြိမ်ထက်မနည်း စားသုံးကြောင်း သိရှိခဲ့ရပြီး တစ်နေ့ကို နှစ်ကြိမ်မျှသာ
စားသုံးသူတွေထက်ပိုပြီးတော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနဲ့ သေဆုံးနိုင်ချေ
မြင့်မားနေကြောင်း လေ့လာတွေရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသက် ၆၅
နှစ်နှင့်အထက် လူကြီးတွေမှာဆိုရင်တော့ ပရိုတင်းကြွယ်ဝစွာ စားသုံးမှုဟာ
ကင်ဆာဖြစ်နိုင်ချေကို ၆၀ရာခိုင်နှုန်းထိ လျှော့ ချ ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပြီး
ကင်ဆာကြောင့် သေဆုံးမှုကို ၂၈ ရာခိုင်နှုန်း လျှော့ ချပေးနိုင်ကြောင်း စစ်တမ်းမှာ
ဖော်ပြခဲ့ပါတယ်။
ဆစ်ဒနီတက္ကသိုလ်က ကြွက်တွေကို လေ့လာတွေ့ရှိချက်
စစ်တမ်းမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝမှု နဲ့ ကာဘိုဟိုက်ဒြိတ် နိမ့်ပါးခြင်းဟာ
အစာစားချင်စိတ်ကို လျှော့ ကျစေပြီးတော့ ခန္ဓာကိုယ်အ၀လွန်မှုကိုလည်း
လျှော့ ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပေမယ့် cardiometabolic ကြောင့် စောစီးစွာ
သေဆုံးနိုင်ချေရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ သုတေသနမှာဆိုရင်
ဆိုးကျိုးကောင်းကျိုး နှစ်ခု ရောယှက်နေပြီးတော့
ပရိုတင်းနည်းပါးခြင်းကြောင့်လေည်း သက်တမ်းတိုတောင်းမှုကို ဖြစ်စေနိုင်
ကြောင်း သူတို့ တွေ့ရှိခဲ့ပါတယ်။ ကာဘိုဟိုက်ဒြိတ် ဓာတ်ကြွယ်ဝတဲ့
ကြွက်တွေမှာဆိုရင် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ပြီးတော့
ပရိုတင်းနည်းပါးမှု၊ အစာကို လောဘတကြီးစားသုံးမှုကြောင့် အ၀လွန်
လာမှုရှိတဲ့ ကြွက်တွေအတွက်တော့ အန္တရာယ်ရှိကြောင်း သိရပါတယ်။
လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Simpson က " ခန္ဓာကိုယ်အတွက်
လိုအပ်တဲ့ ကယ်လိုရီတွေဟာ ဘာတွေကို စားသုံးမှုကြောင့် ရရှိလာလဲ
ဆိုတာကို ကျွန်တော်တို့ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒီ သုတေသနမှာ
ဆိုရင် ဘယ်လိုအစားအသောက်တွေကို စားသုံးခြင်းက ကျွန်တော်တို့
အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတာကို လေ့လာခဲ့
တာဖြစ်ပြီးတော့ အ၀လွန်မှု၊ နှလုံးကျန်းမာရေး နဲ့ metabolic နဲ့ ပတ်သက်ပြီး
တော့လည်း အကျုံးဝင်ပါတယ်" လို့ သူတို့ သုတေသနအကြောင်းကို
ရှင်းပြခဲ့ပါသေးတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းမှ တက္ကသိုလ်တစ်ခုရဲ့
ပါမောက္ခဖြစ်သူ Longo ကတော့ " ဇီဝဖြစ်စဉ်တွေ၊ ကြွက်နဲ့ လူသားတွေကို
ကျွန်တော်တို့ လေ့လာခဲ့ပြီးပါပြီ။ ဒီလေ့လာမှုတွေအပြီးမှာဆိုရင် ပရိုတင်းဓာတ်
လွန်ကဲစွာ စားသုံးနေခြင်းဟာ ဆေးလိပ်သောက်သုံးခြင်းလိုပဲ ကျန်းမာရေးကို
လွန်မင်းစွာ ထိခိုက်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့်
သက်လတ်ပိုင်းအရွယ်တွေဆိုရင် ပိုပြီးတော့ ဆိုးရွားစေပါတယ်" လို့
ပြောခဲ့ပါတယ်။
သုတေသနဖြစ်စဉ် (၂) ခုစလုံးမှာဆိုရင် လေ့လာတွေ့ရှိချက်
တွေဟာ အများစုတူညီမှုရှိခဲ့ပြီးတော့ သက်ရှိတွေရဲ့ ဇီဝကမ္မဖြစ်စဉ်၊ စားသောက်မှု
ပုံစံတွေကို အဓိကထား လေ့လာခဲ့တာဖြစ်ပြီး ခိုင်မာတိကျတဲ့ သက်သေတွေကို
လည်း ရရှိခဲ့ကြောင်း သိရပါတယ်။
Source : Medicalnewstoday
7Day News Journal
No comments:
Post a Comment