Saturday, December 2, 2017

လူထုကျန်းမာရေး (ဝက်ခြံပြဿနာကို ခုလိုလေးဖြေရှင်းကြမယ်)


+Public Health+
အရေပြားမွေးညင်းပေါက်တွေပေါ်မှာ အဆီပိုတွေ၊ အရေပြား ဆဲလ်သေတွေ၊
ဘက်တီးရီးယားတွေ၊ တခြားအညစ်အကြေးတွေ ပိတ်ဆို့ရာကနေလည်း
ဝက်ခြံပေါက်တတ်ပါတယ်။ Badge Me ဝက်ခြံမပေါက်ဖူးတဲ့သူ ရှိမယ်
မထင်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ မူမမှန်ရာက
 ဖြစ်တတ်တဲ့ ဒီအရေပြားရောဂါဟာ မျက်နှာပေါ်က
အရေပြားမွေးညင်းပေါက်တွေပေါ်မှာ အဆီပိုတွေ၊ အရေပြား
ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ တခြားအညစ်အကြေးတွေ
 ပိတ်ဆို့ရာကနေလည်း ဖြစ်ပွားတတ်ပါတယ်။ ဝက်ခြံပေါက်နိုင်တဲ့
တခြားအကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။
 ဟော်မုန်းပြောင်းလဲခြင်း၊ အစားအသောက် အနေအထိုင် မဆင်ခြင်ခြင်း၊
 စိတ်ဖိစီးမှုများပြားခြင်း၊ အရေပြားသန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်
ပါတယ်။ ဝက်ခြံတွေဟာ နာကျင်စေတဲ့အပြင် ကြည့်ရဆိုးတဲ့ ဘုကြီးတွေ
မျက်နှာအရေပြားပေါ်မှာ ထွက်ပေါ်လာရပြီး မိမိကိုယ်ကို ယုံကြည်မှုကို
 ကျဆင်းစေပါတယ်။ Essential Oil (ပေါင်းခံဆီ) တွေဟာ ဝက်ခြံကို
ကုသရာမှာ ပြဿနာရဲ့အရင်းအမြစ်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့
 ဆေးဝါးတွေဖြစ်ပြီး ဝက်ခြံကြောင့် စိတ်သောကရောက်ရခြင်းဘေးမှ
ကင်းဝေးစေမှာပါ။ ဒီနေ့မှာတော့ ဝက်ခြံကုသရာမှာ ကျယ်ကျယ်ပြန့်ပြန့်
သုံးကြတဲ့ essential oil တွေနဲ့ အသုံးပြုနည်းလေးတွေကို ဖော်ပြပေးလိုက်
ပါတယ်နော်။  


၁။ လက်ဖက်ပင် Essential oil
လက်ဖက်ပင်ဆီဟာ အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်ပြီး
 သွေးဖြူဥဆဲလ်တွေ မူမမှန်ဖြစ်ခြင်းကြောင့် အရေပြားရောင်ရမ်းမှု
 ဝေဒနာကိုလည်း တိုက်ဖျက်နိုင်ပါတယ်။
 သူ့မှာ terpinen-4-ol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပြီး 
အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်
ပါတယ်။ လေ့လာမှုတွေအရလည်း လက်ဖက်ပင်ဆီက ဝက်ခြံကုသရာမှာ
 တကယ်အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။ ပြုလုပ်နည်းကတော့
 ဝါဂွမ်းလုံးလေးတစ်လုံးကိုယူပြီး လက်ဖက်ပင်ဆီ (၂) စက်၊ (၃) စက်လောက်နဲ့
 တို့လိုက်ပါ။ ပြီးရင် ဝက်ခြံ ပေါက်နေတဲ့နေရာကို တိုက်ရိုက်ပဲ လိမ်းပေး
လိုက်ပါ။ မိနစ်အနည်းငယ် ကြာအောင်ထားပြီးမှ ရေနဲ့ပြန်ဆေးချ ပေးလိုက်ပါ။
 သတိပြုမိရမှာ တစ်ခုကတော့ ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေ 
ဆိုရင်တော့ လက်ဖက်ပင်ဆီကို တခြားဆီတစ်မျိုးမျိုးနဲ့ ရောပြီးမှ 
လိမ်းပေးနိုင်ပါတယ်။ 



၂။ လာဗင်ဒါဆီ
လာဗင်ဒါဆီမှာလည်း အဏုဇီဝပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ၊
 နာကျင်ခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ antioxidant တွေပါဝင်ပါတယ်။
 ဒါကြောင့် ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ 
အရေပြားပေါ်က အမာရွတ်တွေကို ပြန်လည်သန့်စင် ကုသပေးနိုင်ပါတယ်။
 နောက်တစ်ခုက လာဗင်ဒါဆီဟာ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို ဖြေလျှော့ပေး
တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်
စေနိုင်ပြီး ကျန်းမာသန့်ရှင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ 
အထောက်အကူပြုနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ လာဗင်ဒါဆီကို 
နားကြပ်တံထိပ်က ဂွမ်းစလေးမှာတင်ပြီး ဝက်ခြံကိုတို့ပေးပါ။ အကောင်းဆုံး
ကတော့ အိပ်ယာမဝင်ခင် မိနစ်အနည်းငယ်အလိုမှာ လိမ်းပေးတာပါပဲ။ 
တစ်ညလုံးသိပ်ထား ပေးလိုက်ပြီး မနက်လင်းမှ ရေပြန်ဆေး ပေးလိုက်ပါ။
 နောက်ပြီး အဲဒီအတိုင်း တစ်ရက်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။ 
 နောက်တစ်ခုကတော့ လာဗင်ဒါဆီ (၇) စက်လောက်ကို လက်ကောက်ဝတ်၊
 နားထင်နဲ့ ဂုတ်ပိုးနားမှာ လိမ်းပေးခြင်းက စိတ်ဖိစီးမှုကို ပြေလျှော့စေပြီး 
ဝက်ခြံပျောက်စေဖို့ ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကိုလည်း လှုံ့ဆော်
ပေးနိုင်ပါတယ်။ 


Source: DIYremedies 


7 Day News Journal

No comments:

Post a Comment