Monday, December 4, 2017

လူထုကျန်းမာရေး(ဆံပင်ကျွတ်သက်သာစေမယ့်အာဟာရဓာတ်တချို့)

+Public Health+ 
ဆံသားကလည်းအသားအရေလိုပဲ ကိုယ်တွင်းကျန်းမာရေးအခြေအနေကို
ဖော်ပြပေးနေတဲ့အရာတစ်ခုပါ။ ဆံသားမှာဖွဲ့စည်းထားတဲ့ ဆဲလ်တွေကိုလည်း နေ့စဉ်အာဟာရဖြည့်တင်းပေးဖို့လိုပါတယ်။ ဆံသားအတွက်ဖြည့်ဆည်းပေးသင့်တဲ့အာဟာရဓာတ်တွေကဘာတွေလဲ
ဆိုတာကြည့်လိုက်ရအောင်ပါ။

**ပရိုတင်း**

ဆံပင်တစ်ပင်ချင်းစီအတွက် အရေးပါဆုံးသော အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်
 လုံလောက်အောင်မစားဘူးဆိုရင် ဆံပင်ကျွတ်တာနဲ့ ဆံပင်ပါးတာတွေအပါအဝင်
ဆံသားပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။ ဆံပင်မကျွတ်စေချင်ဘူး ဆိုရင်တော့
 ဥအမျိုးမျိုး၊ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုးနဲ့ အခွံမာသီးတွေစားသုံးပေးပါ။


 **သံဓာတ်**

ဆံသားအတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တစ်မျိုးပါ။ သံဓာတ်အရမ်းနည်းနေရင်
ဆံပင်ကျွတ်နိုင်ပါတယ်။ နောက်တစ်ချက်က သံဓာတ်အဆမတန်နည်းနေမယ်ဆိုရင် သွေးအားနည်းဝေဒနာကိုခံစားရနိုင်ပါတယ်။ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊
ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိပြီး သံဓာတ်ပါဝင်တဲ့အစားအစာတွေကိုစားသုံးပေးလို့ 
ရပါတယ်။ ကြက်သား၊ ငါးနဲ့ ဥအမျိုးမျိုးလည်း စားသုံးပေးလို့ရပါတယ်။

 **Omega 3 fatty acids**

ပြင်ပအစားအသောက်တွေကနေပဲရရှိနိုင်တဲ့ အဆီဓာတ်တစ်မျိုးပါ။ ဦးရေပြားပေါ်ကဆဲလ်တွေမှာတွေ့ရတတ်တဲ့အဆီ တစ်မျိုးပါ။ ဦးရေပြားနဲ့ဆံသားအစိုဓာတ်ကိုထိန်းပေးပါတယ်။ ငါး၊ ဖရုံစေ့၊ အခွံမာသီး
တွေနဲ့ ထောပတ်သီးတွေကနေ ရရှိနိုင်ပါတယ်။ 

**ဇင့်** 

ဇင့်ဓာတ်အားနည်းနေမယ်ဆိုရင် ဆံသားတွေမှာ ပရိုတင်းဓာတ်ပြောင်းလဲမှု
 ဖြစ်ပြီး ဆံပင်ကျွတ်တာ၊ အမြစ်မခိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆံပင်အသစ်
ထွက်လာရင် လည်း ခပ်မြန်မြန်ကျွတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဆံပင်လည်း
ဖြူစေနိုင်ပါတယ်။ အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ ဥအမျိုးမျိုးနဲ့ ပဲပိစပ်တွေလို
မျိုး အစားအသောက်တွေ စားသုံးပေးလို့ရပါတယ်။ 

**Vitamin C** 

ဗီတာမင်စီ ခန္ဓာကိုယ်ရဲ့သံဓာတ်စုပ်ယူနိုင်စွမ်းကိုတိုးတက်စေနိုင်ပါတယ်။
 ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေကိုစားသုံးတဲ့အခါသံဓာတ်ပါတဲ့
အစားအစာတွေနဲ့တွဲစား ပေးသင့်ပါတယ်။ လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီး၊
 စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ သင်္ဘောသီးနဲ့ ကန်စွန်းဥတို့မှာ ဗီတာမင်စီ
ကြွယ်ဝစွာပါဝင်နေပါတယ်။ 


 မအေးသီမွန် 

[ref: www.Practo.com.] 

ကုမုဒြာ

No comments:

Post a Comment