Tuesday, December 5, 2017

လူထုကျန်းမာရေး(ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက် ငွေကုန်ကြေးကျသက်သာစွာ ၀ယ်ယူစားသုံးနိုင်သည့် အစားအစာ-၁၀မျိုး)

+Public Health+ 
**မုန်လာဥနီ**
ကိုယ်အလေးချိန်လျှော့ ကျဖို့ စိတ်ဆုံးဖြတ်လိုက်တယ်ဆိုတာနဲ့ Gym တွေမှာ
စာရင်းဝင်ရမယ်၊ ငွေကုန်ကြေးကျများလွန်းတဲ့ အထောက်အကူပစ္စည်းတွေကို အသုံးပြုရမယ်လို့မဆိုလိုပါဘူး။ သင့်တင့်မျှတတဲ့ကိုယ်အလေးချိန်ကို
ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲမှာ အစားလျှော့ စားခြင်း
ကလည်း ထိရောက်မှုရှိလှတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိစားသုံးတဲ့
အစားအသောက်များနဲ့ မည်သို့မည်ပုံစားသုံးသည်ကို အနည်းငယ်မျှ
 ပြောင်းလဲလိုက်ရုံဖြင့် ပေါင်ချိန်အချို့ကိုကျသွားစေနိုင်မှာဖြစ်ပါတယ်။
 ကိုယ်အလေးချိန်လျှော့ ကျအောင် ပြုလုပ်ခြင်းသည် ပင်ပန်းခက်ခဲသော
အလုပ်တစ်ခုဖြစ်သော်ငြားလည်း မိမိအတွက်မည်သည့်အစားအစာများက ကောင်းမွန်သင့်တော်သလဲဆိုတာ သိဖို့ရန်မှာလည်း အင်မတန်အရေးကြီး
ပါတယ်။ ထို့ကြောင့် ဈေးကြီးပေးဝယ်စရာမလိုဘဲ အလွယ်တကူရှာဖွေ
ဝယ်ယူနိုင်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်သည့် အစားအစာများကို
 သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။


၁။ အုတ်ဂျုံမှုန့်များ။

ကိုယ်အလေးချိန်လျှော့ ကျလိုသူများ အရေးတကြီးသိထားသင့်တဲ့
အချက်တစ်ချက်မှာ မနက်စာကိုသေချာပေါက်စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။
 အုတ်ဂျုံမှုန့်များသည် ဖိုက်ဘာဓာတ်ကြွယ်ဝစွာပါဝင်ပြီး သင့်ကိုအချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်တဲ့အတွက် အရသာလည်း
ရှိ၍ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာတစ်မျိုးပဲဖြစ်ပါတယ်။

၂။ ဒိန်ချဉ်။

 ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဒိန်ချဉ်မှာပါဝင်တဲ့
ကယ်လ်စီယမ်ပမာဏဟာ ကိုယ်အလေးချိန်လျှော့ ကျမှုကို ဖြစ်ပေါ်စေပါတယ်။
 ဒိန်ချဉ်ကိုစားသုံးပေးခြင်းက ဆာလောင်မှုမကြာခဏဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ကာ ဗိုက်ပြည့်နေတဲ့ခံစားချက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။

၃။ ပေါက်ပေါက်ဆုပ်။

 ပေါက်ပေါက်ဆုပ်စားသုံးရတာကို ကြိုက်နှစ်သက်သူများ အချိုဓာတ်ထည့်သွင်း
ထားတဲ့ ပေါက်ပေါက်ဆုပ်များမဟုတ်ဘဲ အိမ်လုပ်အမျိုးအစားကို စမ်း၍စားသုံး
ကြည့်ပါ။ ကယ်လိုရီပါဝင်မှုပမာဏ နည်းပါးသည့်အတွက် ကိုယ်အလေးချိန်
လျှော့ ကျစေကာ ငွေကုန်ကြေးကျလည်းသက်သာစေမှာဖြစ်ပါတယ်။

 ၄။ ရှောက်ခါးသီး။

 ဗီတာမင်စီ၊ ဖိုက်ဘာဓာတ်၊ ရေဓာတ် အစုံအလင်ပါဝင်တဲ့ ရှောက်ခါးသီး
သည် ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။
ကယ်လိုရီပါဝင်မှုနည်းပါး၍ သင့်ကိုအချိန်ကြာကြာ ဗိုက်ဝနေစေမှာဖြစ်ပါတယ်။

 ၅။ ပန်းသီး။

 ကယ်လိုရီပါဝင်မှုနည်းပါးရုံသာမက ဖိုက်ဘာအရင်းအမြစ်ကြွယ်ဝတဲ့အတွက်
 သင့်အစာအိမ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ဗိုက်ပြည့်နေစေကာ အလွန်အကျွံ
စားသုံးမှုမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ ထို့အပြင် ပန်းသီးတွင်
ပါဝင်သည့် Antioxidant များဟာ ခန္ဓာကိုယ်အတွင်းရှိ အဆီပိုများကိုလည်း
 ဖယ်ရှားပေးနိုင်ပါတယ်။

 ၆။ လက်ဖက်ရည်ကြမ်း။

 ကော်ဖီသောက်လေ့သောက်ထရှိပါက လက်ဖက်ရည်ကြမ်းကို ပြောင်းလဲ
သောက်သုံးကြည့်ပါ။ ကော်ဖီထက်ကျန်းမာရေးနှင့် ပိုမိုညီညွတ်ကာ
ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

  ၇။ ဟင်းနုနွယ်ရွက်။ 

 ငွေကြေးအနည်းငယ်သာပေးဝယ်ရသော်လည်း အာဟာရဓာတ်ပါဝင်မှုမှာ
 မြင့်မားလှသည့်အတွက် ကိုယ်အလေးချိန်လျှော့ ကျလိုသူများ စားသုံးရမည့်
အစားအစာများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဆီများကိုလောင်ကျွမ်း
စေတဲံ့ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။ 


၈။ ပဲမျိုးစုံ။ 

 ဖိုက်ဘာ၊ ပရိုတင်းဓာတ်တို့ကြွယ်ဝစွာပါဝင်ပြီး အဆီနဲ့  ကိုလက်စထရောလည်း
လုံးဝမပါဝင်တဲ့အတွက် တစ်ပန်းကန်စားထားရုံနဲ့  အချိန်ကြာကြာဗိုက်ပြည့်
နေစေမှာဖြစ်ပါတယ်။ 

၉။ ဒိန်ခဲအပျော့။ 

 နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ခဲအပျော့မှာပရိုတင်းမြင့်မားစွာပါဝင်၍ 
သင့်ကိုဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။ အဆီများကို
လောင်ကျွမ်းစေနိုင်တဲ့ ကယ်လ်စီယမ်လည်းမြင့်မားစွာ ပါဝင်၍ လတ်ဆတ်ချိုမြ
သောအရသာကြောင့် လူများအထူးကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ 

၁၀။ မုန်လာဥနီ။ 

မျက်လုံးအတွက် အထူးကောင်းမွန်ရုံသာမက ကိုယ်အလေးချိန်အတွက်လည်း 
အလွန်သင့်တော်ပါတယ်။ ဖိုက်ဘာဓာတ်နဲ့  ရေဓာတ်အများအပြားပါဝင်တဲ့
အတွက် ပြည့်အင့်မှုကိုဖြစ်ပေါ်စေကာ ကယ်လ်လိုရီစားသုံးမှုကိုလည်း လျှော့ ကျ
စေမှာပါ။ 


copy @ myfoodmyanmar 


လွင်ပြင်

No comments:

Post a Comment