Thursday, December 7, 2017

လူထုကျန်းမာရေး(စိတ်ခံစားချက်ကိုတောင် လွှမ်းမိုးနိုင်တဲ့ အစားအစာများ)

+Public Health+ 
ကျွန်တော်တို့အားလုံး အစားအသောက်ကိုနှစ်သက်ကြပါတယ်။
ဒါဟာ ငြင်းပယ်လို့မရတဲ့အမှန်တရားပါ။ သင်အကြိုက်ဆုံးအချိုပွဲတွေကို
စားခြင်း၊ မလိုင်ဒိန်ခဲတွေပါဝင်တဲ့ ပေါင်မုန့်တွေကိုစားသုံးခြင်း၊ ဒါမှမဟုတ်
မနက်ပိုင်း ကော်ဖီသောက်သုံးတာတွေဟာ သင့်ရဲ့စိတ်ခံစားချက်ကို
တစ်မူထူးခြားတဲ့ပုံစံများနဲ့ အကျိုးသက်ရောက်စေမှာပဲဖြစ်ပါတယ်။
ဒါကြောင့် သင်ဘယ်လိုအစားအသောက်တွေကိုစားတယ်ဆိုတာ
 စောင့်ကြည့်ဖို့အရေးကြီးပါတယ်။ အခုဒီမှာတော့ သင့်စိတ်ခံစားချက်ကို
ပိုကောင်းလာအောင် ဒါမှမဟုတ်ပိုဆိုးလာအာင် လှုံ့ဆော်ပေးတဲ့
အစားအသောက်အချို့အကြောင်း ပြောပြပေးလိုက်ပါတယ်နော်။

၁။ ငှက်ပျောသီး။

 ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာပါဝင်ပါတယ်။ ဒါတင်မကဘဲ
 ကောင်းမွန်တဲ့စွမ်းအင်များမြှင့်တင်ဖို့အတွက်စားသုံးမယ်ဆိုရင်လည်း
အကောင်းဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင်လည်း Sugar levelကို
လည်းထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးတွေကို
စားသုံးတဲ့အခါမှာစိတ်ခံစားချက်ဟာ မြင့်မားလွန်းခြင်း၊ နိမ့်လွန်းခြင်း
 ရှိမှာမဟုတ်ပါဘူး။

၂။ ဥများ။

သံဓာတ်နဲ့ပရိုတင်းဓာတ် ပြည့်ဝစွာပါဝင်ပြီး ခွန်အားဖြစ်စေမယ့် အရာကို
စားသုံးချင်တယ်ဆိုတော့ ကြက်ဥ၊ ဘဲဥစတာတွေကို စားသုံးသင့်ပါတယ်။

  ၃။ ငါးများ။ 

ဆယ်လ်မွန်ငါးကဲ့သို့ ငါးများဟာအိုမီဂါ 3 fatty acid များကြွယ်ဝစွာ ပါဝင်တဲ့
အတွက်သင့်ရဲ့စိတ်ခံစားချက်ကို တည်ငြိမ်စေဖို့အတွက်အကောင်းဆုံး
စားစရာပါပဲ။ ဒီလိုငါးတွေကို သင့်ရဲ့ပုံမှန် diet အနေနဲ့ စားသုံးပေးခြင်း
အားဖြင့် စိတ်ဓာတ်ကျ၊ စိတ်အားငယ်ခြင်းများကို လျှော့ နည်းသက်သာစေ
ပါတယ်။ 

၎။ ကော်ဖီ။ 

 ကော်ဖီမှာပါဝင်တဲ့ကဖင်းဓာတ်ပမဏအများအပြားကို သောက်သုံးမိမယ်
ဆိုရင် ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြတတ်ခြင်းများကို ဖြစ်စေတဲ့
အတွက် ကော်ဖီကို နေ့စဉ် အလွန်အကျွံသောက်သုံးမိမယ်ဆိုရင် သင့်ရဲ့
စိတ်ခံစားချက်ကို အပျက်သဘောဘက် ကိုဦးတည်သက်ရောက်စေပါတယ်။


 copy @ Htet Htet Tin Zar (ရိုးရာလေး) 
Ref : Knowledge : 6 Foods That Affect Your Mood

No comments:

Post a Comment