Saturday, May 28, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….


**စင်ကာပူရုပ်ရှင်ပွဲတော်အတွက် သံတမန်တရုတ်ရုပ်ရှင်မင်းသမိးကျန်ဇီယီ**
(စင်ကာပူ၊ မေ ၂၆)
စင်ကာပူနိုင်ငံတွင် ပထမအကြိမ်ကျင်းပမည့် Screen Singapore ၂၀၁၁ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အတွက် တရုတ်ရှင်မင်းသမီး ကျန်ဇီယီအား သံတမန်တစ်ဦးအဖြစ် တာဝန်ပေးလိုက်ကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူများက မေ ၂၅ ရက်၌ ပြောကြားသည်။ ရုပ်ရှင်မင်းသမီး ကျန်ဇီယီအနေဖြင့် ယင်းရုပ်ရှင်ပွဲတော်၌ အာရှနှင့်အနောက်နိုင်ငံများ၏ ရုပ်ရှင်အနုပညာဆိုင်ရာလုပ်ငန်းများကို ပေါင်းကူးဆက်စပ်ပေးရမည်ဖြစ်သည်။ ထိုသို့ သံတမန်တစ်ဦးအဖြစ် တာဝန်ပေးမှုကို လည်း ကျန်ဇီယီကဂုဏ်ပြုမှုတစ်ခုအဖြစ်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။ စင်ကာကူနိုင်ငံ၌ ဇွန် ၅ ရက်မှ စတင်ကာ ရှစ်ရက်ကြာကျင်းကမည့် အဆိုပါရှပ်ရှင်ပွဲတော်သို့ တရုတ်နိုင်ငံမှ နာမည်ကြီးအနုပညာရှင် တန်ဝေ၊ ဘောလိဝုဒ်ရှပ်ရှင်မင်းသား ရှရွတ်ခန်အပါအ၀င်အနုပညာရှင်အကျော်အမော်များ တက်ရောက်ကြမည်ဖြစ်သည်။ ယင်းပွဲတော်၌ ရွေးချယ်ထားသည့် ရုပ်ရှင် ၁၄ ကားပြသမည်ဖြစ်သည်။ (အင်တာနက်)


**ဟောလိဝုဒ်အမျိုးသမီးဒါရိုက်တာကော့ပ်ပိုလာ လက်ထပ်ဦးမည်**
(လော့စ်အိမ်ဂျပ်လိစ်၊ မေ ၂၆)
ဟောလိဝုဒ်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ဆိုဖီယောကော့ပ်ပိုလာသည် ယခုနှစ်နွေရာသီ၌ ရော့ခ်ကာတစ်ဦးဖြစ်သည့် သောမတ်မားစ်နှင့်လက်ထပ်တော့မည်ဖြစ်ကြောင်း မေ ၂၆ ရက်က အတည်ပြုပြောကြားလိုက်သည်။ ကော့ပ်ပိုလာသည် ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဖရန်စစ်ဖို့ဒ်ကော့ပ်ပိုလာ၏ သမီးဖြစ်သည်။ ကော့ပ်ပိုလာသည် သူမရိုက်ကူးခဲ့သော Somewhere Lost in Tran Sktion Marie Antoinette နှင့် The Vir gin Suicides ဇာတ်ကားများမှာ လူကြိုက်များပြီး အောင်မြင်မှုရရှိခဲ့သည်။ ကော့ပ်ပိုလာသည် ဒါရိုက်တာ စပိုက်ကီဂျွန်ဇီနှင့် ၁၉၉၉ ခုနှစ်က လက်ထပ်ခဲ့ပြီူး ၂၀၀၃ ခုနှစ်၌ ကွာရှင်းခဲ့သည်။ ယခုလက်ထပ်မည့် သောမတ်မားစ်မှာ အောင်မြင်နေသော ဖီနစ်တေးဂီတအဖွဲ့မှ အဆိုတော်တစ်ဦး ဖြစ်သည်။ (အင်တာနက်)


စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ

No comments:

Post a Comment